လေးမျက်နှာမြို့နယ်၌ လူဦးရေ (၁၃၀) ကျော်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်း ရောင်ချေးငွေကျပ် (၃၂) သန်းကျော် ထုတ်ချေးပေး

PUBLISHED - March 11, 2022
လေးမျက်နှာ၊ မတ်လ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စု မရမ်းရိုးကျေးရွာရှိ လူဦးရေ (၁၃၀) ကျော်အတွက် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ချေးငွေ ကျပ် (၃၂) သန်းကျော်ကို မတ်လ ၁၀ ရက်နေ့၌ ထုတ်ချေးပေးခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များပေါများစေရန် စီမံကိန်းများရေးဆွဲပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် စီမံကိန်းချေးငွေများ ဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများလုပ်ကိုင်သူစုစုပေါင်း (၁၃၂) ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၃၂.၆၅)သန်းကို နေ့ချင်းပြီးထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးပေးခြင်းကို လေးမျက်နှာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးကျော်သူ(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူ များအား ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။
#PeopleMedia
(unicode)
……………………………………….
#PeopleMedia