လေးကေ့ကော်ဒေသ၊ ရသေ့ဂူကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဖမ်းဆီးခြင်းခံခဲ့ရ
PUBLISHED - December 30, 2021
မြဝတီ၊ ဒီဇင်ဘာ ၃၀ (People Media)
ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကော့ကော်ဒေသ၊ ရသေ့ဂူကျေးရွာအနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသမီဒီယာများက ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများ၌ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးဖြစ်ပြီး လက်နက်၊ ယာဉ်တို့ကိုပါ သိမ်းဆည်း ထားသည်။
လက်ရှိအချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးကို KNLA မှ KNU ထံသို့ လွှဲပြောင်းလိုက်ကြောင်း ဒေသမီဒီယာများက ရေးသားထားသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက လေးကေ့ကော်မြို့သစ် မြို့တွင်းတိုက်ပွဲ၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးနှင့် BGF တပ်ဖွဲ့ဝင်နှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသလို ယခု အကြိမ်သည် ဒုတိယမြောက် ဖမ်းဆီးခံရမှုလည်း ဖြစ်သည်။
ထို့အတူ လေးကေ့ကော်ဒေသ၌ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံလျက်ရှိသည် စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်လာနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်နေ သည့်ကာလလည်း ဖြစ်သည်။
Photo – KIC
#PeopleMedia #ကရင်ပြည်နယ် #လေးကေ့ကော်
(unicode)
(unicode)
…………………………………………………….
Photo – KIC
(unicode)