ဝေါမြို့နယ် PDF အဖွဲ့ခေါင်းဆောင် စောစိုင်းနေလင်းပါ ၃ ဦးကို လက်နက်များနှင့်အတူ မြဝတီမြို့၌ ဖမ်းမိ

PUBLISHED - June 25, 2022
ကရင်၊ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ လှုပ်ရှားလျက်ရှိသည့် ဝေါမြို့နယ် PDF ခေါင်းဆောင် စောစိုင်းနေလင်းပါ ၃ ဦးကို လက်နက်များနှင့်အတူ ကရင်ပြည်နယ် မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့သည်။
စောစိုင်းနေလင်းသည် ကရင်ပြည်နယ်၌ လှုပ်ရှားလျက်ရှိသည့် KNU လက်အောက်ခံအဖွဲ့များ၌ စစ်ပညာနှင့် ဖောက်ခွဲရေးပညာများကို တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။
လုံခြုံရေးအဖွဲ့များသည် မြဝတီမြို့၌ ရောက်ရှိနေသည့် စောစိုင်းနေလင်း၊ မျိုးသူဇာ၊ မင်းရဲဆက်တို့ ၃ ဦးကို လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
#PeopleMedia #ဝေါPDF
(unicode)
………………………….