• Follow Us on
Latest News

Home “ေဝးေဝးၾကည့္၊ က်ယ္က်ယ္ျမင္၊ ဘက္ေပါင္းစုံစဥ္းစား ကာကြယ္ေရးစြမ္းပကား”

“ေဝးေဝးၾကည့္၊ က်ယ္က်ယ္ျမင္၊ ဘက္ေပါင္းစုံစဥ္းစား ကာကြယ္ေရးစြမ္းပကား”

Share this post

ေဆာင္းပါး/ ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း(ေရနံေခ်ာင္း) ၊ မင္းသီဟ

 

” အခိုင္မာဆုံးေသာ ျပည္ေထာင္စုေတြ

 

ကမၻာအရပ္ရပ္မွာ ၿပိဳကြဲလ်က္ရွိၾကသည္

 

ဒီအျဖစ္ဆိုးမ်ိဳး…… မႀကဳံခ်င္ဘူးေလ…”

 

ကြၽန္ေတာ္တို႔ငယ္စဥ္က ျမဝတီ႐ုပ္ျမင္သံၾကားစတင္တည္ေထာင္ခ်ိန္မွသည္ ယေန႔ အခ်ိန္တိုင္ေအာင္ နားရည္ဝ ေနေသာ အဆိုေတာ္ခင္ေမာင္ထူး၏ သီခ်င္းေလးကို စိန္ရတုတပ္မေတာ္ေန႔နီးလာသည္ႏွင့္ ယခင္ကထက္ ပိုမို ၾကားလာရသည္။ အဆိုပါ သီခ်င္းေလးသည္ နားေထာင္လို႔ေကာင္းသည့္အျပင္ အႏွစ္သာရမ်ိဳးစုံပါဝင္မႈေၾကာင့္ ေခတ္အဆက္ဆက္မ႐ိုးႏိုင္ခဲ့ေသာ အမ်ိဳးသားေရးေတးတစ္ပုဒ္ျဖစ္ခဲ့ပါသည္။ သီခ်င္း နားေထာင္မိစဥ္ စာသား အဓိပၸာယ္အားလိုက္ပါေတြးေတာေနခ်ိန္ႏွင့္ တစ္ၿပိဳင္နက္တည္းမွာပင္ “ႏိုင္ငံေတာ္ကာကြယ္ေရးဆိုရာတြင္ လက္နက္အင္အားႏွင့္က်ဴးေက်ာ္ တိုက္ခိုက္ သည့္ စစ္ေရးနည္းလမ္းသာမက ႏိုင္ငံေရး၊ စီးပြားေရး၊ သံတမန္ ေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ၊ ဘာသာေရးစသည့္နည္းလမ္းေပါင္းစုံႏွင့္ Multi Dimensional Warfare အသြင္ ေဆာင္သည့္ ထိုးႏွက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရးတြင္ စစ္ေရး (သို႔မဟုတ္) တပ္မေတာ္၏က႑သည္ ေနာက္ ဆုံးခံစစ္စည္းလည္းျဖစ္သည့္အတြက္ ကာကြယ္ေရးက႑ကို အျမင္က်ယ္ျပန္႔စြာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ” တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္း ေအာင္လႈိင္၏ ႏိုင္ငံေတာ္ကာကြယ္ေရး တကၠသိုလ္သင္တန္း အမွတ္စဉ္(၁၈) သင္တန္းဆင္းပြဲတြင္ ေျပာၾကား ခဲ့သည့္မိန္႔ခြန္းအား ျမဝတီသတင္းစာတြင္ဖတ္လိုက္ ရသည့္အခါ ႏိုင္ငံေတာ္ကာကြယ္ေရးဟူသည္ စစ္ေရး ကိစၥတစ္ခုတည္းသာမဟုတ္ အေရးအရာအားလုံးႏွင့္ဆက္စပ္မႈရွိသျဖင့္” ေဝးေဝးၾကည့္၊ က်ယ္က်ယ္ျမင္၊ ဘက္ ေပါင္းစုံစဥ္းစား” ႏိုင္မွသာ ေခတ္သစ္ႏိုင္ငံတကာေရးရာ၌ ဝင္ဆံ့ႏိုင္မည္ျဖစ္ေၾကာင္းေတြးျမင္မိပါသည္။

 

ယေန႔ႏိုင္ငံတကာျပႆနာမ်ားတြင္ ႏိုင္ငံေရး၊ စီးပြားေရး၊ ယဉ္ေက်းမႈ၊ သံတမန္ေရး၊ လူမ်ိဳးေရး၊ ဘာသာေရး စေသာျပႆနာေပါင္းစုံရႈပ္ေထြးပါဝင္ေနသျဖင့္ စစ္ေရးနည္း လမ္း သက္သက္ျဖင့္ေျဖရွင္း၍မရေတာ့ေၾကာင္း ေတြ႕ရွိေနရသည္။ သို႔အတြက္ ” စစ္ ဟူသည္ တစ္ဖက္ရန္သူအား မိမိအလိုက်လုပ္ေဆာင္လာေအာင္ လက္နက္ကိုင္တပ္ မ်ားအား အသုံးျပဳျခင္း ” ဟူေသာ အယူအဆအစား ” စစ္ဟူသည္ တစ္ဖက္ ရန္သူအား မိမိအလိုက် လိုက္နာလုပ္ေဆာင္လာေအာင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား၊ လက္နက္မကိုင္ေသာတပ္ဖြဲ႕မ်ား၊ စစ္ဘက္ႏွင့္စစ္ဘက္မဟုတ္ေသာအဖြဲ႕အစည္းမ်ား၊ အႏၲရာယ္ေပးႏိုင္ေသာနည္းလမ္းႏွင့္ အႏၲရာယ္မေပးႏိုင္ေသာနည္းလမ္း စသည္ျဖင့္ နည္းလမ္းမ်ိဳးစုံကိုအသုံးျပဳျခင္း” ဟူေသာ အခ်က္ကို အသိအမွတ္ျပဳၾကရေတာ့မည္ ျဖစ္သည္။ စစ္ပြဲမဟုတ္ေသာ စစ္ဆင္ႏႊဲရာတြင္ အသုံးျပဳေသာနည္းလမ္း အခ်ိဳ႕အေန ျဖင့္ တစ္ဖက္ရန္သူကို အေျခယိုင္ေစရန္အတြက္ ေကာလာဟလမ်ားထုတ္လႊင့္ကာ ၎၏ စိတ္ဓာတ္ကိုၿဖိဳလဲသည့္ စိတ္ဓာတ္စစ္ဆင္ေရးနည္း၊ ေဈးကြက္မ်ားကို ကေမာက္ကမျဖစ္ေစကာ စီးပြားေရးကိုဖ်က္ဆီးသည့္ စီးပြားေရး စစ္ဆင္ေရးနည္း၊ လူထုေန႔စဉ္ျမင္ေနၾကားေနရသည္မ်ားကို မိမိလိုရာဆြဲ ဖန္တီးေျပာင္းလဲ ေဖာ္ျပေပး ျခင္းျဖင့္ လူထု၏အျမင္ကိုခ်ဳပ္ကိုင္သည့္ မီဒီယာစစ္ဆင္ေရးနည္း၊ ကြန္ပ်ဴတာ ကြန္ ရက္မ်ား ၏ေနာက္ကြယ္မွပုန္းလွ်ိဳး၍ တစ္ဖက္ရန္သူကို ထိုးေဖာက္တိုက္ခိုက္သည့္ ကြန္ပ်ဴတာကြန္ရက္စစ္ဆင္ေရးနည္း၊ မိမိအလိုက် စံခ်ိန္စံႏႈန္းမ်ားသတ္မွတ္ျခင္း ျဖင့္ စက္မႈနည္းပညာကိုလက္ဝါးႀကီးအုပ္သည့္ နည္းပညာစစ္ဆင္ေရးနည္း (Technological Warfare) ၊ ရန္သူ့မ်က္စိတြင္ မိမိ၏အမွန္တကယ္အင္အားကို ထင္ေယာင္ထင္မွား ျဖစ္ေအာင္ အတုအေယာင္မ်ားဖန္တီးသည့္ အတုအေယာင္ စစ္ဆင္ေရးနည္း(Fabrication Warfare) ၊ သယံဇာတမ်ားကို လက္ဝါးႀကီးအုပ္ ခ်ဳပ္ ကိုင္ထားသည့္ သယံဇာတစစ္ဆင္ေရးနည္း (Resource Warfare)၊ စီးပြားေရးအကူ အညီကို ေျပာင္ေျပာင္တင္းတင္းကူညီေပးကမ္း ေသာ္လည္း ေနာက္ကြယ္မွလွ်ိဳ႕ဝွက္ သေဘာတူညီခ်က္မ်ားျဖင့္ အက်ပ္ကိုင္ထားသည့္ စီးပြားေရးအကူအညီစစ္ဆင္ေရး နည္း (Economic Aid Warfare)၊ ယဉ္ေက်းမႈဆိုင္ရာတြင္ ဦးေဆာင္က႑မွရွိေနေစ ရန္ႀကိဳးပမ္းျခင္းျဖင့္ သေဘာထားမတူညီသူမ်ားကိုလႊမ္းမိုးရန္ ႀကိဳးပမ္းသည့္ ယဉ္ ေက်းမႈစစ္ဆင္ေရးနည္း (Culture Warfare)၊ အခြင့္ႀကဳံသည္ႏွင့္ မိမိအတြက္အခြင့္ သာအက်ိဳးရွိေစမည့္ ႏိုင္ငံတကာဉပေဒမ်ားျပ႒ာန္းသည့္ ႏိုင္ငံတကာ ဉပေဒအား ျဖင့္စစ္ဆင္ျခင္းနည္း (International Law Warfare) တို႔ျဖစ္ေၾကာင္း ေလ့လာ ေတြ႕ရွိရပါသည္။ ထို႔ေၾကာင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အထက္ပါ စကားရပ္ကို အဓိပၸာယ္ရွိစြာအမွာစကားေျပာၾကားခဲ့ေၾကာင္း ေလ့လာမိခဲ့သည္။

 

“ႏိုင္ငံတကာဆက္ဆံေရးတြင္ ထာဝရမိတ္ေဆြ၊ ထာဝရရန္သူဟူ၍မရွိ၊ ထာဝရ အက်ိဳးစီးပြားသာရွိသည္” ဟုဆိုေသာ ၿဗိတိသွ်ႏိုင္ငံေရးသိပၸံပညာရွင္ ေလာ့ဒ္ပါလ္ မီစတန္၏ ဆို႐ိုးစကားသည္ ယေန႔ထိေအာင္မွန္ကန္လ်က္ရွိသည္။ မိမိထက္အဆ မတန္သာလြန္သည့္ အင္အားႀကီးႏိုင္ငံတစ္ခုႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနရေသာ ႏိုင္ငံငယ္တစ္ခုအတြက္ ထိုအင္အားႀကီးႏိုင္ငံသည္ ခင္မင္ရင္းႏွီးခ်စ္ၾကည္သည့္ ဆက္ဆံေရးထူေထာင္ႏိုင္လွ်င္ မိမိအတြက္အေထာက္အကူမ်ားစြာရရွိႏိုင္ၿပီးဆက္ဆံ ေရးမေျပလည္ပါက ႀကီးမားေသာ ၿခိမ္းေျခာက္မႈျဖစ္လာခဲ့သည္ကို ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံတို႔၏ လက္ရွိအေျခအေနက ဥပမာျပေနပါသည္။ ႏိုင္ငံတကာဆက္ဆံ ေရးႏွင့္ကာကြယ္ေရးဆက္စပ္ေနမႈကို အဆိုပါ သင္တန္းဆင္းအမွာစကားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ” ယေန႔ေခတ္ မိမိတို႔ႏိုင္ငံအပါအဝင္ ႏိုင္ငံ အသီးသီးသည္ မိမိႏိုင္ငံ၏အမ်ိဳးသားအက်ိဳးစီးပြားေဖာ္ေဆာင္ ရာတြင္ ကမၻာ့ႏိုင္ငံ မ်ား၊ အဖြဲ႕အစည္းမ်ား စသည့္ ကမၻာ့မိသားစုအသိုင္းအဝိုင္းႏွင့္ ယခင္ ကထက္ ပိုမိုထိေတြ႕ဆက္ဆံလာေသာေၾကာင့္ ႏိုင္ငံတကာဆက္ဆံေရးနယ္ပယ္သည္ က်ယ္ ဝန္းလာၿပီး လုံၿခဳံေရးႏွင့္စစ္ေရးကိစၥမ်ားပါဝင္သည့္ ကာကြယ္ေရးက႑သည္ လည္း ပိုမိုအေရးပါလာသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ယေန႔ကမၻာ့ျဖစ္ရပ္မ်ားအရ ကာကြယ္ေရး စြမ္းပကားျမင့္မားမႈအေရးပါလာသည္ကို ေတြ႕ရေၾကာင္း၊ မ်က္ေမွာက္ ကာလ ကမၻာ့ ႏိုင္ငံေရးျဖစ္စဉ္မ်ားကိုေလ့လာၾကည့္မည္ဆိုပါက အင္အားႀကီးႏိုင္ငံ မ်ား၏ အားၿပိဳင္မႈမ်ား၊ အင္အားငယ္ႏိုင္ငံမ်ားအေပၚ ႏိုင္ငံေရး၊ စီးပြားေရး၊ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မႈမ်ား၊ ပိုင္နက္နယ္ေျမ အျငင္းပြားမႈမ်ား၊ အၾကမ္းဖက္တိုက္ခိုက္မႈ မ်ား၊ ျပည္တြင္းေရး မၿငိမ္မသက္မႈမ်ားသည္ ကမၻာ့ေနရာအႏွံ႔အျပားတြင္ ျဖစ္ပြား လ်က္ရွိေနေၾကာင္း၊ ယင္းျပႆနာ မ်ားကိုရင္ဆိုင္ေျဖရွင္းရာတြင္ အခ်ိဳ႕ေဒသမ်ား၌ မိမိႏိုင္ငံ၏ျပည္တြင္းေရးပဋိပကၡမ်ားမွ ေဒသတြင္းပဋိပကၡအေျခအေနမ်ားျဖစ္ေပၚ လာသည္ကို ေတြ႕ျမင္ရေၾကာင္း၊ ကမၻာ့ႏိုင္ငံ အမ်ားစုသည္ ႏိုင္ငံအလိုက္အင္အား စုရရွိေရး ေဒသဆိုင္ရာအဖြဲ႕အစည္းမ်ားဖြဲ႕စည္း၍ ႏိုင္ငံေရး၊ စီးပြားေရး၊ ယဉ္ေက်းမႈ စသည့္က႑မ်ားတြင္ အဖြဲ႕အစည္းအလိုက္ ပူးေပါင္း ေဆာင္ရြက္လာၾကသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း ” ေျပာၾကားခဲ့သည္ကို ဖတ္ရႈမွတ္သားလိုက္ရသည္။

 

ေယးတကၠသိုလ္၏ ႏိုင္ငံတကာဆက္ဆံေရးပညာပါေမာကၡ စပိုက္မင္ က ပထဝီဝင္ အခ်က္အလက္မ်ားကိုအေျခခံ၍ ႏိုင္ငံတစ္ခု၏လုံၿခဳံေရးဝါဒအတြက္ စီမံကိန္း ေရး ဆြဲျခင္းကို ပထဝီႏိုင္ငံေရးဟုအဓိပၸာယ္ဖြင့္ဆိုခဲ့သည္ကို ေလ့လာေတြ႕ရွိရသည္။ ႏိုင္ငံ တစ္ခုအားကာကြယ္ရာတြင္ ပထဝီႏိုင္ငံေရးအေပၚမူတည္၍လည္း ကာကြယ္ေရး က႑ကို ဆက္စပ္စဉ္းစားရမည္ျဖစ္သည္။ ပထဝီႏိုင္ငံေရးႏွင့္ ကာကြယ္ေရး ဆက္ စပ္ေနသည္ကိုလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က “ယေန႔တစ္ကမၻာလုံးက အာ႐ုံစိုက္မႈ ပိုမိုမ်ားျပားလာသည့္ အင္ဒို-ပစိဖိတ္ေဒသႏွင့္ပတ္သက္၍ အဆိုပါေဒသ သည္ ကမၻာ့ စစ္အင္အားႀကီးႏိုင္ငံမ်ား၊ စီးပြားေရးအင္အားႀကီးႏိုင္ငံမ်ား၊ ဒီမိုကေရစီ ထြန္းကားသည့္ ႏိုင္ငံမ်ားႏွင့္ တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ အင္ဒိုနီးရွား စေသာလူဦးေရ မ်ားျပားသည့္ ႏိုင္ငံမ်ားတည္ရွိေနေသာေၾကာင့္ ယေန႔ႏိုင္ငံတကာ ေရးရာတြင္ အာ႐ုံစိုက္ အခံရဆုံးႏွင့္ အေရးပါဆုံးေဒသအျဖစ္ေရာက္ရွိေနသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ အာရွ-ပစိဖိတ္ေဒသကို အင္ဒို-ပစိဖိတ္ေဒသအျဖစ္ က်ယ္ျပန္႔စြာသတ္မွတ္ခဲ့ၿပီး ကမၻာ့ႏိုင္ငံ မ်ား၏ ပထဝီႏိုင္ငံေရးႏွင့္စစ္ေရးအား ၿပိဳင္ရာေနရာအျဖစ္ ေျပာင္းလဲလာသည္ကိုပါ ေတြ႕ရွိ ရမည္ျဖစ္ေၾကာင္း၊ အင္ဒို-ပစိဖိတ္ေဒသတြင္ မိမိႏိုင္ငံအပါအဝင္ အာဆီယံႏိုင္ငံမ်ားသည္ ပထဝီအေနအထား အရ အေရးပါၿပီး အဓိကက်သည့္ေဒသျဖစ္ေနသည္ကို ေတြ႕ရွိရ ေၾကာင္း၊ မိမိတို႔ ႏိုင္ငံသည္ အာဆီယံႏွင့္ေတာင္အာရွေဒသၾကား ေပါင္းကူးေပးႏိုင္ေသာ ေနရာတြင္ တည္ရွိသည့္အျပင္ ပထဝီအေနအထားအရ မဟာဗ်ဴဟာအခ်က္အခ်ာက်သည့္ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ေၾကာင္း ” ေျပာၾကားခဲ့သည္ကို ဖတ္ရႈရပါသည္။

 

ကမၻာေပၚရွိ ႏိုင္ငံအသီးသီးတြင္ တပ္မေတာ္(သို႔မဟုတ္)လက္နက္ကိုင္ကာကြယ္ေရး တပ္ဖြဲ႕မရွိေသာႏိုင္ငံဟူ၍မရွိေပ။ ” တံခြန္မရွိေသာဘုရား၊ အလံမရွိေသာရထား ” တို႔ မတင့္တယ္သည့္နည္းတူ တပ္မေတာ္တစ္ရပ္မရွိေသာႏိုင္ငံသည္လည္း ကမၻာ့ အလယ္တြင္ မတင့္တယ္ႏိုင္ေပ။ ထို႔အျပင္ ရွိၿပီးေသာတပ္မေတာ္ကိုလည္း အင္အား ေတာင့္တင္း ခိုင္မာေအာင္တည္ေဆာက္ၾကရသည္။ အင္အားကို ခြန္အား၊ စြမ္းအင္၊ ခိုင္ခံ့မ်ားျပားေသာ အစုအေဝးဟု အဓိပၸာယ္ဖြင့္ဆိုၾကသည္။ ႏိုင္ငံတစ္ခု၌ ႐ိုေသခန္႔ ညားေလာက္ေသာ စစ္အင္အား (ကာကြယ္ေရးအင္အား)မရွိဘဲ ခိုင္မာေသာ ကာ ကြယ္ေရးႏွင့္ လုံၿခဳံေရး အာမခံခ်က္ရွိလာမည္မဟုတ္ေပ။ ကာကြယ္ေရးႏွင့္လုံၿခဳံေရး အာမခံခ်က္ကင္းမဲ့ေနေသာ ႏိုင္ငံ၏တည္ၿငိမ္ေအးခ်မ္းေရးသည္လည္း ခိုင္ၿမဲလိမ့္ မည္မဟုတ္ေပ။ ႏိုင္ငံတစ္ခု၌ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားခဲ့ေသာ္ တိုးတက္ေခတ္မီ ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဉ္မ်ားကို စိတ္ကူးမွ်ပင္ယဉ္ႏိုင္ မည္မဟုတ္ သည္မွာထင္ရွားလွသည္။ ထို႔ေၾကာင့္ ႏိုင္ငံတိုင္းသည္ ၎တို႔၏ စစ္အင္အား၊ ကာ ကြယ္ေရးအင္အားႏွင့္ လုံၿခဳံေရးအင္အား တို႔ကို နည္းလမ္းေပါင္းစုံျဖင့္ တိုးတက္မႈရွိ ေအာင္လုပ္ေဆာင္ေနၾကသည္မွာ လက္ေတြ႕ က်ေသာ ႏိုင္ငံေတာ္တည္ေဆာက္မႈကို ေဆာင္ရြက္ေနျခင္းသာျဖစ္သည္ဟု ဆိုခ်င္ပါသည္။ စစ္ေအးတိုက္ပြဲအၿပီးတြင္ ႐ုတ္တရက္ကမၻာေပၚတြင္ စစ္အသုံးစရိတ္မ်ားေလ်ာ့က်လာခဲ့ ေသာ္လည္း ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္းမွစ၍ ျပန္လည္ျမင့္တက္လာခဲ့သည္။ ၂၀၀၇ ခုႏွစ္၌ ကမၻာ့စစ္ အသုံးစရိတ္မွာ စစ္ေအးတိုက္ပြဲမတိုင္မီကာလအတိုင္းျပန္ျဖစ္သြားၿပီး ၂၀၀၉ ခုႏွစ္ မွစ၍ လက္ရွိအေျခအေန၌မူ စစ္ေအးတိုက္ပြဲကာလထက္ပင္ ပိုမိုျမင့္တက္လ်က္ရွိ ေၾကာင္းေတြ႕ရွိရပါသည္။ ပို၍ထူးျခားသည္မွာ ျမန္မာႏိုင္ငံသည္ ကမၻာ့စစ္ အသုံး စရိတ္ အဆင့္ ၂ ႏွင့္ အဆင့္ ၄ ရွိေသာ တ႐ုတ္ႏွင့္အိႏၵိယတို႔အၾကား တည္ရွိေနျခင္း ပင္ျဖစ္ ပါသည္။

 

ကမၻာ့ႏိုင္ငံအသီးသီးတြင္ မိမိတို႔ႏိုင္ငံေတာ္ႏွင့္အခ်ဳပ္အျခာအာဏာကို ကာကြယ္ ေစာင့္ေရွာက္ရန္အတြက္ တပ္မေတာ္အသီးသီးကိုဖြဲ႕စည္းတည္ေထာင္ထားၿပီး မိမိ တို႔တပ္မေတာ္မ်ားကိုလည္း အနည္းဆုံးအဆင့္ ေဒသတြင္းအျခားတပ္မေတာ္မ်ား ႏွင့္ တန္းတူ ရည္တူျဖစ္ေစေရးအတြက္ တပ္မေတာ္တည္ေဆာက္ေရးလုပ္ငန္းစဉ္ မ်ား (Army Building Process)ကို စဉ္ဆက္မျပတ္ႀကိဳးပမ္း အားထုတ္လ်က္ရွိပါ သည္။ တိုင္းျပည္၏ ဥစၥာဓန အင္အား၊ လူအင္အား၊ သမိုင္းေၾကာင္းဆိုင္ရာမ်ား ေဒသတြင္းႏွင့္ ကမၻာ့ေရးရာမ်ား၊ ေျပာင္းလဲလာေသာ ပထဝီႏိုင္ငံေရးအေျခအေန တို႔ကို မ်က္ျခည္မျပတ္ေလ့လာ၍ မိမိ တိုင္းျပည္ႏွင့္ကိုက္ညီေသာ ကာကြယ္ေရး မဟာဗ်ဴဟာမ်ား၊ နည္းဗ်ဴဟာမ်ားကိုလည္း ခ်မွတ္က်င့္သုံးရေလ့ရွိပါသည္။ ကြၽႏ္ုပ္ တို႔ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ကာကြယ္ေရးမဟာဗ်ဴဟာမွာ ျပည္သူ့ စစ္မဟာဗ်ဴဟာျဖစ္ပါသည္။ ျပည္သူ့စစ္မဟာဗ်ဴဟာ ဆိုသည္မွာ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)ကိုမ႑ိဳင္ျပဳ၍ ျပည္သူတစ္ရပ္လုံးပါဝင္ေသာ ျပည္သူ့စစ္မဟာ ဗ်ဴဟာကိုက်င့္သုံးလ်က္ ႏိုင္ငံေတာ္၏ ေျမျပင္၊ ေရျပင္၊ ေဝဟင္ပိုင္နက္ မ်ားအတြင္း က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္လာမည့္ ျပည္ပရန္သူမ်ားအား ဟန္႔တား ထိန္းခ်ဳပ္ တြန္းလွန္ေခ်မႈန္းေရးပင္ျဖစ္ပါသည္။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ကာကြယ္ေရးစကၠဴျဖဴစာတမ္း(၂၀၁၅)ျဖင့္ အမ်ိဳးသားကာကြယ္ေရးမူဝါဒ ၆ ခ်က္ ခ်မွတ္ ထားၿပီး ကာကြယ္ေရးရည္မွန္းခ်က္တာဝန္ ၅ ခုခ်မွတ္ထားသည္ကို ေလ့လာ မွတ္သားရပါသည္။ ကာကြယ္ေရးရည္မွန္းခ်က္တာဝန္ ၅ ခုအနက္ စတုတၳအခ်က္ တြင္ “အနာဂတ္ ႏိုင္ငံေတာ္၏အမ်ိဳးသားေရးဦးေဆာင္မႈအခန္းက႑တြင္ ပါဝင္ ထမ္းေဆာင္ႏိုင္ရန္ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္အုပ္ခ်ဳပ္ေရးအျမင္ရွိၿပီး စြမ္းရည္ သုံးရပ္ထက္ျမက္ျပည့္စုံသည့္ ကာကြယ္ေရးအင္အားစုႀကီးတစ္ရပ္ ေလ့က်င့္ပ်ိဳး ေထာင္သြားရန္” ဟုပါရွိေၾကာင္း ေလ့လာေတြ႕ရွိရသည္။ ထို႔ေၾကာင့္လည္း တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၁၀ ရက္ေန႔ႏွင့္ ၁၁ ရက္ေန႔ ကေလး၊ တီးတိန္၊ ဟားခါး၊ ဖလမ္းႏွင့္ဟုမၼလင္းတပ္နယ္ ခရီးစဉ္၌ ” တပ္ႏွင့္ ျပည္သူတစ္သားတည္းျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ရန္ႏွင့္ ျပည္သူက အားကိုးရ ေသာ၊ တိုင္းျပည္ကအားထားရေသာ စြမ္းရည္သုံးရပ္ႏွင့္ျပည့္စုံသည့္ တပ္မေတာ္ ျဖစ္ေအာင္ အၿမဲႀကိဳးစားေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း ” ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

 

ယေန႔ကမၻာေပၚတြင္ မည္သည့္ႏိုင္ငံကမွ ၎တို႔၏စစ္အင္အားကို သိသိသာသာ ေလွ်ာ့ခ်ပစ္ျခင္း၊ ႏိုင္ငံသူ၊ ႏိုင္ငံသားတို႔ကလည္းေလွ်ာ့ခ်ပစ္ရန္ တင္းတင္းက်ပ္က်ပ္ ေတာင္းဆိုျခင္း မျပဳလုပ္ခဲ့ၾကပါ။ လူအင္အား၊ အေရအတြက္အင္အားကိုသာလွ်င္ ေလွ်ာ့ခ်မည္ျဖစ္ၿပီး စြမ္းေဆာင္ႏိုင္ရည္၊ အရည္အခ်င္းအင္အားကိုမူ အၿမဲထက္ျမက္ ေနေအာင္ျပဳလုပ္ေနၾကသည္မွာ ႀကဳံေတြ႕ေနေသာအရွိတရားပင္ျဖစ္သည္။ ႏိုင္ငံ တစ္ခု၏ စစ္ေရးအင္အားသည္ ႏိုင္ငံ၏လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာဆိုင္ ရာ သိသာ ထင္ရွားေသာ ျပယုဂ္တစ္ခုအျဖစ္ရွိေနဆဲျဖစ္သည္။ စင္စစ္စစ္ေရးအင္ အားဟူသည္ စစ္တိုက္ရန္သက္သက္မဟုတ္ဘဲ ဟန္႔တားႏိုင္မႈစြမ္းရည္ (Deterr -ance Power )အတြက္ လည္းျဖစ္သည္။  ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရး၌ ႐ိုေသခန္႔ ညားေလာက္ေသာ စစ္အင္အား သည္ အေျခခံလိုအပ္ခ်က္တစ္ခုအျဖစ္ပါဝင္ လ်က္ရွိ ၿပီး အင္အားေတာင့္တင္းေသာ၊ ေခတ္မီေသာ၊ စြမ္းရည္ထက္ျမက္ေသာ တပ္မေတာ္ တစ္ရပ္သည္ ျပည္တြင္း/ျပည္ပ ရန္မ်ားကိုကာကြယ္ေပးမည့္ အဖြဲ႕အစည္းျဖစ္သည္။ အရည္အခ်င္းျပည့္ဝေနသည့္ စစ္အင္အားရွိေသာႏိုင္ငံေတာ္ကို မည္သူကမွလြယ္ လြယ္ကူကူႏွင့္ အႏၲရာယ္ျပဳဖို႔ စဉ္းစားမည္မဟုတ္ေပ။ ရန္ဘက္ကယွဉ္ၿပိဳင္ရန္ ေနာက္တြန္႔သြားျခင္းသည္ ဟန္႔တားႏိုင္မႈစြမ္းရည္ (Deterrance Power )ပင္ ျဖစ္ပါသည္။

 

အခ်ဳပ္အားျဖင့္ဆိုေသာ္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရး တို႔သည္ ဒဂၤါးတစ္ခု၏ေခါင္းႏွင့္ပန္းပမာ ခြဲျခားမရ အၿမဲဒြန္တြဲလ်က္ရွိေနမည္ သာ ျဖစ္ပါသည္။ ေလးစားေလာက္ေသာကာကြယ္ေရးႏွင့္လုံၿခဳံေရး ေရခံ၊ ေျမခံမရွိပါဘဲ ၿငိမ္းခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအသီးအပြင့္တို႔ ျဖစ္ေပၚလာႏိုင္မည္မဟုတ္ေပ။ တပ္မေတာ္အေနျဖင့္ ေလးစားခန္႔ညားေလာက္ေသာ ကာကြယ္ေရးစြမ္းအားစု အျဖစ္ရပ္တည္လ်က္ ႏိုင္ငံေတာ္၏ ပကတိလိုအပ္ခ်က္ျဖစ္သည့္ ” တည္ၿငိမ္ေအး ခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရး ” တို႔ကိုေဆာင္ရြက္ လ်က္ရွိသည္။ ေခတ္မီတပ္မေတာ္ျဖစ္ေစေရးအတြက္ သမား႐ိုးက်စစ္ပြဲမ်ားကို အဆင့္မီဆင္ႏႊဲႏိုင္စြမ္းရွိေသာ ေခတ္မီတပ္မေတာ္ (Standard Army)အျဖစ္တည္ ေဆာက္လ်က္ရွိသည္။ ” ျပည္သူကအားကိုးရေသာ၊ ႏိုင္ငံေတာ္က အားထားရေသာ ” တပ္မေတာ္ျဖစ္ေစေရး စဉ္ဆက္မျပတ္ႀကိဳးပမ္းေဆာင္ရြက္လ်က္ ရွိသည္။ တပ္မေတာ္၏ ထိုသို႔ေဆာင္ရြက္ခ်က္မ်ားသည္ ျမန္မာ့အင္အားႏွင့္ျမန္မာတို႔၏ အမ်ိဳးသားေရးဂုဏ္သိကၡာတို႔ကို တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း ” ေဝးေဝးၾကည့္၊ က်ယ္က်ယ္ျမင္၊ ဘက္ေပါင္းစုံစဥ္းစား”က ေတြ႕ရွိႏိုင္ပါမည္ဟု ေရးသားလိုက္ရပါသည္။

 

(unicode)

“ဝေးဝေးကြည့်၊ ကျယ်ကျယ်မြင်၊ ဘက်ပေါင်းစုံစဉ်းစား ကာကွယ်ရေးစွမ်းပကား”

ဆောင်းပါး/ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း(ရေနံချောင်း) ၊ မင်းသီဟ

” အခိုင်မာဆုံးသော ပြည်ထောင်စုတွေ

ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျက်ရှိကြသည်

ဒီအဖြစ်ဆိုးမျိုး…… မကြုံချင်ဘူးလေ…”

ကျွန်တော်တို့ငယ်စဉ်က မြဝတီရုပ်မြင်သံကြားစတင်တည်ထောင်ချိန်မှသည် ယနေ့ အချိန်တိုင်အောင် နားရည်ဝ နေသော အဆိုတော်ခင်မောင်ထူး၏ သီချင်းလေးကို စိန်ရတုတပ်မတော်နေ့နီးလာသည်နှင့် ယခင်ကထက် ပိုမို ကြားလာရသည်။ အဆိုပါ သီချင်းလေးသည် နားထောင်လို့ကောင်းသည့်အပြင် အနှစ်သာရမျိုးစုံပါဝင်မှုကြောင့် ခေတ်အဆက်ဆက်မရိုးနိုင်ခဲ့သော အမျိုးသားရေးတေးတစ်ပုဒ်ဖြစ်ခဲ့ပါသည်။ သီချင်း နားထောင်မိစဉ် စာသား အဓိပ္ပာယ်အားလိုက်ပါတွေးတောနေချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် “နိုင်ငံတော်ကာကွယ်ရေးဆိုရာတွင် လက်နက်အင်အားနှင့်ကျူးကျော် တိုက်ခိုက် သည့် စစ်ရေးနည်းလမ်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ သံတမန် ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့်နည်းလမ်းပေါင်းစုံနှင့် Multi Dimensional Warfare အသွင် ဆောင်သည့် ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် စစ်ရေး (သို့မဟုတ်) တပ်မတော်၏ကဏ္ဍသည် နောက် ဆုံးခံစစ်စည်းလည်းဖြစ်သည့်အတွက် ကာကွယ်ရေးကဏ္ဍကို အမြင်ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ” တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲတွင် ပြောကြား ခဲ့သည့်မိန့်ခွန်းအား မြဝတီသတင်းစာတွင်ဖတ်လိုက် ရသည့်အခါ နိုင်ငံတော်ကာကွယ်ရေးဟူသည် စစ်ရေး ကိစ္စတစ်ခုတည်းသာမဟုတ် အရေးအရာအားလုံးနှင့်ဆက်စပ်မှုရှိသဖြင့်” ဝေးဝေးကြည့်၊ ကျယ်ကျယ်မြင်၊ ဘက် ပေါင်းစုံစဉ်းစား” နိုင်မှသာ ခေတ်သစ်နိုင်ငံတကာရေးရာ၌ ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်းတွေးမြင်မိပါသည်။

ယနေ့နိုင်ငံတကာပြဿနာများတွင် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေး၊ လူမျိုးရေး၊ ဘာသာရေး စသောပြဿနာပေါင်းစုံရှုပ်ထွေးပါဝင်နေသဖြင့် စစ်ရေးနည်း လမ်း သက်သက်ဖြင့်ဖြေရှင်း၍မရတော့ကြောင်း တွေ့ရှိနေရသည်။ သို့အတွက် ” စစ် ဟူသည် တစ်ဖက်ရန်သူအား မိမိအလိုကျလုပ်ဆောင်လာအောင် လက်နက်ကိုင်တပ် များအား အသုံးပြုခြင်း ” ဟူသော အယူအဆအစား ” စစ်ဟူသည် တစ်ဖက် ရန်သူအား မိမိအလိုကျ လိုက်နာလုပ်ဆောင်လာအောင် လက်နက်ကိုင်တပ်ဖွဲ့များ၊ လက်နက်မကိုင်သောတပ်ဖွဲ့များ၊ စစ်ဘက်နှင့်စစ်ဘက်မဟုတ်သောအဖွဲ့အစည်းများ၊ အန္တရာယ်ပေးနိုင်သောနည်းလမ်းနှင့် အန္တရာယ်မပေးနိုင်သောနည်းလမ်း စသည်ဖြင့် နည်းလမ်းမျိုးစုံကိုအသုံးပြုခြင်း” ဟူသော အချက်ကို အသိအမှတ်ပြုကြရတော့မည် ဖြစ်သည်။ စစ်ပွဲမဟုတ်သော စစ်ဆင်နွှဲရာတွင် အသုံးပြုသောနည်းလမ်း အချို့အနေ ဖြင့် တစ်ဖက်ရန်သူကို အခြေယိုင်စေရန်အတွက် ကောလာဟလများထုတ်လွှင့်ကာ ၎င်း၏ စိတ်ဓာတ်ကိုဖြိုလဲသည့် စိတ်ဓာတ်စစ်ဆင်ရေးနည်း၊ ဈေးကွက်များကို ကမောက်ကမဖြစ်စေကာ စီးပွားရေးကိုဖျက်ဆီးသည့် စီးပွားရေး စစ်ဆင်ရေးနည်း၊ လူထုနေ့စဉ်မြင်နေကြားနေရသည်များကို မိမိလိုရာဆွဲ ဖန်တီးပြောင်းလဲ ဖော်ပြပေး ခြင်းဖြင့် လူထု၏အမြင်ကိုချုပ်ကိုင်သည့် မီဒီယာစစ်ဆင်ရေးနည်း၊ ကွန်ပျူတာ ကွန် ရက်များ ၏နောက်ကွယ်မှပုန်းလျှိုး၍ တစ်ဖက်ရန်သူကို ထိုးဖောက်တိုက်ခိုက်သည့် ကွန်ပျူတာကွန်ရက်စစ်ဆင်ရေးနည်း၊ မိမိအလိုကျ စံချိန်စံနှုန်းများသတ်မှတ်ခြင်း ဖြင့် စက်မှုနည်းပညာကိုလက်ဝါးကြီးအုပ်သည့် နည်းပညာစစ်ဆင်ရေးနည်း (Technological Warfare) ၊ ရန်သူ့မျက်စိတွင် မိမိ၏အမှန်တကယ်အင်အားကို ထင်ယောင်ထင်မှား ဖြစ်အောင် အတုအယောင်များဖန်တီးသည့် အတုအယောင် စစ်ဆင်ရေးနည်း(Fabrication Warfare) ၊ သယံဇာတများကို လက်ဝါးကြီးအုပ် ချုပ် ကိုင်ထားသည့် သယံဇာတစစ်ဆင်ရေးနည်း (Resource Warfare)၊ စီးပွားရေးအကူ အညီကို ပြောင်ပြောင်တင်းတင်းကူညီပေးကမ်း သော်လည်း နောက်ကွယ်မှလျှို့ဝှက် သဘောတူညီချက်များဖြင့် အကျပ်ကိုင်ထားသည့် စီးပွားရေးအကူအညီစစ်ဆင်ရေး နည်း (Economic Aid Warfare)၊ ယဉ်ကျေးမှုဆိုင်ရာတွင် ဦးဆောင်ကဏ္ဍမှရှိနေစေ ရန်ကြိုးပမ်းခြင်းဖြင့် သဘောထားမတူညီသူများကိုလွှမ်းမိုးရန် ကြိုးပမ်းသည့် ယဉ် ကျေးမှုစစ်ဆင်ရေးနည်း (Culture Warfare)၊ အခွင့်ကြုံသည်နှင့် မိမိအတွက်အခွင့် သာအကျိုးရှိစေမည့် နိုင်ငံတကာဉပဒေများပြဋ္ဌာန်းသည့် နိုင်ငံတကာ ဉပဒေအား ဖြင့်စစ်ဆင်ခြင်းနည်း (International Law Warfare) တို့ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါ စကားရပ်ကို အဓိပ္ပာယ်ရှိစွာအမှာစကားပြောကြားခဲ့ကြောင်း လေ့လာမိခဲ့သည်။

“နိုင်ငံတကာဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူ၍မရှိ၊ ထာဝရ အကျိုးစီးပွားသာရှိသည်” ဟုဆိုသော ဗြိတိသျှနိုင်ငံရေးသိပ္ပံပညာရှင် လော့ဒ်ပါလ် မီစတန်၏ ဆိုရိုးစကားသည် ယနေ့ထိအောင်မှန်ကန်လျက်ရှိသည်။ မိမိထက်အဆ မတန်သာလွန်သည့် အင်အားကြီးနိုင်ငံတစ်ခုနှင့် နယ်နိမိတ်ချင်းထိစပ်နေရသော နိုင်ငံငယ်တစ်ခုအတွက် ထိုအင်အားကြီးနိုင်ငံသည် ခင်မင်ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးထူထောင်နိုင်လျှင် မိမိအတွက်အထောက်အကူများစွာရရှိနိုင်ပြီးဆက်ဆံ ရေးမပြေလည်ပါက ကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာခဲ့သည်ကို ရုရှားနှင့် ယူကရိန်းနိုင်ငံတို့၏ လက်ရှိအခြေအနေက ဥပမာပြနေပါသည်။ နိုင်ငံတကာဆက်ဆံ ရေးနှင့်ကာကွယ်ရေးဆက်စပ်နေမှုကို အဆိုပါ သင်တန်းဆင်းအမှာစကားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ” ယနေ့ခေတ် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံ အသီးသီးသည် မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖော်ဆောင် ရာတွင် ကမ္ဘာ့နိုင်ငံ များ၊ အဖွဲ့အစည်းများ စသည့် ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းနှင့် ယခင် ကထက် ပိုမိုထိတွေ့ဆက်ဆံလာသောကြောင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်သည် ကျယ် ဝန်းလာပြီး လုံခြုံရေးနှင့်စစ်ရေးကိစ္စများပါဝင်သည့် ကာကွယ်ရေးကဏ္ဍသည် လည်း ပိုမိုအရေးပါလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာ့ဖြစ်ရပ်များအရ ကာကွယ်ရေး စွမ်းပကားမြင့်မားမှုအရေးပါလာသည်ကို တွေ့ရကြောင်း၊ မျက်မှောက် ကာလ ကမ္ဘာ့ နိုင်ငံရေးဖြစ်စဉ်များကိုလေ့လာကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံ များ၏ အားပြိုင်မှုများ၊ အင်အားငယ်နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှု များ၊ ပြည်တွင်းရေး မငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွား လျက်ရှိနေကြောင်း၊ ယင်းပြဿနာ များကိုရင်ဆိုင်ဖြေရှင်းရာတွင် အချို့ဒေသများ၌ မိမိနိုင်ငံ၏ပြည်တွင်းရေးပဋိပက္ခများမှ ဒေသတွင်းပဋိပက္ခအခြေအနေများဖြစ်ပေါ် လာသည်ကို တွေ့မြင်ရကြောင်း၊ ကမ္ဘာ့နိုင်ငံ အများစုသည် နိုင်ငံအလိုက်အင်အား စုရရှိရေး ဒေသဆိုင်ရာအဖွဲ့အစည်းများဖွဲ့စည်း၍ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်လာကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်ကို ဖတ်ရှုမှတ်သားလိုက်ရသည်။

ယေးတက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးပညာပါမောက္ခ စပိုက်မင် က ပထဝီဝင် အချက်အလက်များကိုအခြေခံ၍ နိုင်ငံတစ်ခု၏လုံခြုံရေးဝါဒအတွက် စီမံကိန်း ရေး ဆွဲခြင်းကို ပထဝီနိုင်ငံရေးဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ နိုင်ငံ တစ်ခုအားကာကွယ်ရာတွင် ပထဝီနိုင်ငံရေးအပေါ်မူတည်၍လည်း ကာကွယ်ရေး ကဏ္ဍကို ဆက်စပ်စဉ်းစားရမည်ဖြစ်သည်။ ပထဝီနိုင်ငံရေးနှင့် ကာကွယ်ရေး ဆက် စပ်နေသည်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ယနေ့တစ်ကမ္ဘာလုံးက အာရုံစိုက်မှု ပိုမိုများပြားလာသည့် အင်ဒို-ပစိဖိတ်ဒေသနှင့်ပတ်သက်၍ အဆိုပါဒေသ သည် ကမ္ဘာ့ စစ်အင်အားကြီးနိုင်ငံများ၊ စီးပွားရေးအင်အားကြီးနိုင်ငံများ၊ ဒီမိုကရေစီ ထွန်းကားသည့် နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား စသောလူဦးရေ များပြားသည့် နိုင်ငံများတည်ရှိနေသောကြောင့် ယနေ့နိုင်ငံတကာ ရေးရာတွင် အာရုံစိုက် အခံရဆုံးနှင့် အရေးပါဆုံးဒေသအဖြစ်ရောက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသကို အင်ဒို-ပစိဖိတ်ဒေသအဖြစ် ကျယ်ပြန့်စွာသတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ များ၏ ပထဝီနိုင်ငံရေးနှင့်စစ်ရေးအား ပြိုင်ရာနေရာအဖြစ် ပြောင်းလဲလာသည်ကိုပါ တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသတွင် မိမိနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများသည် ပထဝီအနေအထား အရ အရေးပါပြီး အဓိကကျသည့်ဒေသဖြစ်နေသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့ နိုင်ငံသည် အာဆီယံနှင့်တောင်အာရှဒေသကြား ပေါင်းကူးပေးနိုင်သော နေရာတွင် တည်ရှိသည့်အပြင် ပထဝီအနေအထားအရ မဟာဗျူဟာအချက်အချာကျသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ” ပြောကြားခဲ့သည်ကို ဖတ်ရှုရပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် တပ်မတော်(သို့မဟုတ်)လက်နက်ကိုင်ကာကွယ်ရေး တပ်ဖွဲ့မရှိသောနိုင်ငံဟူ၍မရှိပေ။ ” တံခွန်မရှိသောဘုရား၊ အလံမရှိသောရထား ” တို့ မတင့်တယ်သည့်နည်းတူ တပ်မတော်တစ်ရပ်မရှိသောနိုင်ငံသည်လည်း ကမ္ဘာ့ အလယ်တွင် မတင့်တယ်နိုင်ပေ။ ထို့အပြင် ရှိပြီးသောတပ်မတော်ကိုလည်း အင်အား တောင့်တင်း ခိုင်မာအောင်တည်ဆောက်ကြရသည်။ အင်အားကို ခွန်အား၊ စွမ်းအင်၊ ခိုင်ခံ့များပြားသော အစုအဝေးဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ နိုင်ငံတစ်ခု၌ ရိုသေခန့် ညားလောက်သော စစ်အင်အား (ကာကွယ်ရေးအင်အား)မရှိဘဲ ခိုင်မာသော ကာ ကွယ်ရေးနှင့် လုံခြုံရေး အာမခံချက်ရှိလာမည်မဟုတ်ပေ။ ကာကွယ်ရေးနှင့်လုံခြုံရေး အာမခံချက်ကင်းမဲ့နေသော နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးသည်လည်း ခိုင်မြဲလိမ့် မည်မဟုတ်ပေ။ နိုင်ငံတစ်ခု၌ တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့သော် တိုးတက်ခေတ်မီ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စိတ်ကူးမျှပင်ယဉ်နိုင် မည်မဟုတ် သည်မှာထင်ရှားလှသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် ၎င်းတို့၏ စစ်အင်အား၊ ကာ ကွယ်ရေးအင်အားနှင့် လုံခြုံရေးအင်အား တို့ကို နည်းလမ်းပေါင်းစုံဖြင့် တိုးတက်မှုရှိ အောင်လုပ်ဆောင်နေကြသည်မှာ လက်တွေ့ ကျသော နိုင်ငံတော်တည်ဆောက်မှုကို ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု ဆိုချင်ပါသည်။ စစ်အေးတိုက်ပွဲအပြီးတွင် ရုတ်တရက်ကမ္ဘာပေါ်တွင် စစ်အသုံးစရိတ်များလျော့ကျလာခဲ့ သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၀၇ ခုနှစ်၌ ကမ္ဘာ့စစ် အသုံးစရိတ်မှာ စစ်အေးတိုက်ပွဲမတိုင်မီကာလအတိုင်းပြန်ဖြစ်သွားပြီး ၂၀၀၉ ခုနှစ် မှစ၍ လက်ရှိအခြေအနေ၌မူ စစ်အေးတိုက်ပွဲကာလထက်ပင် ပိုမိုမြင့်တက်လျက်ရှိ ကြောင်းတွေ့ရှိရပါသည်။ ပို၍ထူးခြားသည်မှာ မြန်မာနိုင်ငံသည် ကမ္ဘာ့စစ် အသုံး စရိတ် အဆင့် ၂ နှင့် အဆင့် ၄ ရှိသော တရုတ်နှင့်အိန္ဒိယတို့အကြား တည်ရှိနေခြင်း ပင်ဖြစ် ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံတော်နှင့်အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရန်အတွက် တပ်မတော်အသီးသီးကိုဖွဲ့စည်းတည်ထောင်ထားပြီး မိမိ တို့တပ်မတော်များကိုလည်း အနည်းဆုံးအဆင့် ဒေသတွင်းအခြားတပ်မတော်များ နှင့် တန်းတူ ရည်တူဖြစ်စေရေးအတွက် တပ်မတော်တည်ဆောက်ရေးလုပ်ငန်းစဉ် များ (Army Building Process)ကို စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်လျက်ရှိပါ သည်။ တိုင်းပြည်၏ ဥစ္စာဓန အင်အား၊ လူအင်အား၊ သမိုင်းကြောင်းဆိုင်ရာများ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများ၊ ပြောင်းလဲလာသော ပထဝီနိုင်ငံရေးအခြေအနေ တို့ကို မျက်ခြည်မပြတ်လေ့လာ၍ မိမိ တိုင်းပြည်နှင့်ကိုက်ညီသော ကာကွယ်ရေး မဟာဗျူဟာများ၊ နည်းဗျူဟာများကိုလည်း ချမှတ်ကျင့်သုံးရလေ့ရှိပါသည်။ ကျွန်ုပ် တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာမှာ ပြည်သူ့ စစ်မဟာဗျူဟာဖြစ်ပါသည်။ ပြည်သူ့စစ်မဟာဗျူဟာ ဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ)ကိုမဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သော ပြည်သူ့စစ်မဟာ ဗျူဟာကိုကျင့်သုံးလျက် နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက် များအတွင်း ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာမည့် ပြည်ပရန်သူများအား ဟန့်တား ထိန်းချုပ် တွန်းလှန်ချေမှုန်းရေးပင်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကာကွယ်ရေးစက္ကူဖြူစာတမ်း(၂၀၁၅)ဖြင့် အမျိုးသားကာကွယ်ရေးမူဝါဒ ၆ ချက် ချမှတ် ထားပြီး ကာကွယ်ရေးရည်မှန်းချက်တာဝန် ၅ ခုချမှတ်ထားသည်ကို လေ့လာ မှတ်သားရပါသည်။ ကာကွယ်ရေးရည်မှန်းချက်တာဝန် ၅ ခုအနက် စတုတ္ထအချက် တွင် “အနာဂတ် နိုင်ငံတော်၏အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင် ထမ်းဆောင်နိုင်ရန် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့်အုပ်ချုပ်ရေးအမြင်ရှိပြီး စွမ်းရည် သုံးရပ်ထက်မြက်ပြည့်စုံသည့် ကာကွယ်ရေးအင်အားစုကြီးတစ်ရပ် လေ့ကျင့်ပျိုး ထောင်သွားရန်” ဟုပါရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့်လည်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ ကလေး၊ တီးတိန်၊ ဟားခါး၊ ဖလမ်းနှင့်ဟုမ္မလင်းတပ်နယ် ခရီးစဉ်၌ ” တပ်နှင့် ပြည်သူတစ်သားတည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်သူက အားကိုးရ သော၊ တိုင်းပြည်ကအားထားရသော စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော် ဖြစ်အောင် အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း ” ပြောကြားခဲ့ခြင်းဖြစ် သည်။

ယနေ့ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံကမှ ၎င်းတို့၏စစ်အင်အားကို သိသိသာသာ လျှော့ချပစ်ခြင်း၊ နိုင်ငံသူ၊ နိုင်ငံသားတို့ကလည်းလျှော့ချပစ်ရန် တင်းတင်းကျပ်ကျပ် တောင်းဆိုခြင်း မပြုလုပ်ခဲ့ကြပါ။ လူအင်အား၊ အရေအတွက်အင်အားကိုသာလျှင် လျှော့ချမည်ဖြစ်ပြီး စွမ်းဆောင်နိုင်ရည်၊ အရည်အချင်းအင်အားကိုမူ အမြဲထက်မြက် နေအောင်ပြုလုပ်နေကြသည်မှာ ကြုံတွေ့နေသောအရှိတရားပင်ဖြစ်သည်။ နိုင်ငံ တစ်ခု၏ စစ်ရေးအင်အားသည် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆိုင် ရာ သိသာ ထင်ရှားသော ပြယုဂ်တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။ စင်စစ်စစ်ရေးအင် အားဟူသည် စစ်တိုက်ရန်သက်သက်မဟုတ်ဘဲ ဟန့်တားနိုင်မှုစွမ်းရည် (Deterr -ance Power )အတွက် လည်းဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ရိုသေခန့် ညားလောက်သော စစ်အင်အား သည် အခြေခံလိုအပ်ချက်တစ်ခုအဖြစ်ပါဝင် လျက်ရှိ ပြီး အင်အားတောင့်တင်းသော၊ ခေတ်မီသော၊ စွမ်းရည်ထက်မြက်သော တပ်မတော် တစ်ရပ်သည် ပြည်တွင်း/ပြည်ပ ရန်များကိုကာကွယ်ပေးမည့် အဖွဲ့အစည်းဖြစ်သည်။ အရည်အချင်းပြည့်ဝနေသည့် စစ်အင်အားရှိသောနိုင်ငံတော်ကို မည်သူကမှလွယ် လွယ်ကူကူနှင့် အန္တရာယ်ပြုဖို့ စဉ်းစားမည်မဟုတ်ပေ။ ရန်ဘက်ကယှဉ်ပြိုင်ရန် နောက်တွန့်သွားခြင်းသည် ဟန့်တားနိုင်မှုစွမ်းရည် (Deterrance Power )ပင် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တို့သည် ဒင်္ဂါးတစ်ခု၏ခေါင်းနှင့်ပန်းပမာ ခွဲခြားမရ အမြဲဒွန်တွဲလျက်ရှိနေမည် သာ ဖြစ်ပါသည်။ လေးစားလောက်သောကာကွယ်ရေးနှင့်လုံခြုံရေး ရေခံ၊ မြေခံမရှိပါဘဲ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တို့ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပေ။ တပ်မတော်အနေဖြင့် လေးစားခန့်ညားလောက်သော ကာကွယ်ရေးစွမ်းအားစု အဖြစ်ရပ်တည်လျက် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် ” တည်ငြိမ်အေး ချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ” တို့ကိုဆောင်ရွက် လျက်ရှိသည်။ ခေတ်မီတပ်မတော်ဖြစ်စေရေးအတွက် သမားရိုးကျစစ်ပွဲများကို အဆင့်မီဆင်နွှဲနိုင်စွမ်းရှိသော ခေတ်မီတပ်မတော် (Standard Army)အဖြစ်တည် ဆောက်လျက်ရှိသည်။ ” ပြည်သူကအားကိုးရသော၊ နိုင်ငံတော်က အားထားရသော ” တပ်မတော်ဖြစ်စေရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ တပ်မတော်၏ ထိုသို့ဆောင်ရွက်ချက်များသည် မြန်မာ့အင်အားနှင့်မြန်မာတို့၏ အမျိုးသားရေးဂုဏ်သိက္ခာတို့ကို တည်ဆောက်နေခြင်းဖြစ်ကြောင်း ” ဝေးဝေးကြည့်၊ ကျယ်ကျယ်မြင်၊ ဘက်ပေါင်းစုံစဉ်းစား”က တွေ့ရှိနိုင်ပါမည်ဟု ရေးသားလိုက်ရပါသည်။


Share this post