ေသသူကအစ္ကို၊ ႐ိုက္သတ္သူက လင္ေယာကၤ်ား၊ တရားလိုက ဇနီးမ ယား

PUBLISHED - July 16, 2020
ဟုမၼလင္း၊ ဇူလိုင္ ၁၆
စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးခ႐ိုင္၊ ဟုမၼလင္းၿမိဳ႕နယ္၊ မိုင္းကိုင္းေက်းရြာအုပ္စု၊ ႀကိဳ႕ပင္ဘုရားကုန္းေက်းရြာရွိ ဖားတခုန္ေရႊေမွာ္၌ သမီးေယာက္ဖစကားမ်ားရာမွ လူသတ္မႈျဖစ္ပြားေၾကာင္းသိရသည္။
ဇူလိုင္လ ၁၄ ရက္ ညဦးပိုင္း ၉ နာရီေက်ာ္တြင္ တရားလိုအမ်ိဳးသမီးႏွင့္ သူ၏ခင္ပြန္း ေနအိမ္၌အတူရွိေနစဥ္ အမ်ိဳးသမီး၏ အစ္ကိုျဖစ္သူ ေရာက္ရွိလာကာ သမီးေယာက္ဖစကားမ်ားခဲ့ၾကသည္ဟုဆိုသည္။
အစ္ကိုျဖစ္သူမွာ အရက္ေသာက္ထားသျဖင့္ စကားမ်ားရန္ျဖစ္ၾကျခင္းျဖစ္ၿပီး ခင္ပြန္းသည္မွ အစ္ကိုျဖစ္သူကိုလက္သီးျဖင့္ စတင္ထိုးႀကိတ္ခဲ့သည္။
ထို႔ေနာက္ အကိုျဖစ္သူမွ “လူမိုက္ဆိုတာ အဲ့လိုမလုပ္ရဘူး၊ ဒီလိုလုပ္ရတယ္” ဟုေျပာကာ ၎၏ဦးေခါင္းအား အနီးအနားရွိ (၃×၂)သစ္သားေခ်ာင္းျဖင့္ ကိုယ္တိုင္႐ိုက္ခဲ့သည္။ ခင္ပြန္းျဖစ္သူမွလည္း(၂×၁)သစ္သားေခ်ာင္းျဖင့္ ထပ္မံ႐ိုက္ေသာေၾကာင့္ အကိုျဖစ္သူလဲက်သြားသည္” ဟု တရားလုိအမ်ိဳးသမီးကေျပာသည္ ။
ဒါဏ္ရာရသူအား နမ့္ေတာတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ရာ ရရွိဒါဏ္ရာႏွင့္ ေသဆုံးသြားသည္ဟုသိရသည္။
အဆိုပါအမႈအား (ပ)၃၀/၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ ရဲအုပ္သိန္းထိုက္ မိုင္းကိုင္းနယ္ေျမရဲစခန္းမွဴးမွ အမႈ အားစစ္ေဆးၿပီး ဇနီးျဖစ္သူမွ တရားလိုျပဳလုပ္ကာ အမႈဖြင့္အေရးယူေဆာင္ရြက္ထားသည္ဟုသိရသည္ ။
ေက်ာ္စိုး(နမ့္ေတာ)
#PeopleMedia #ဟုမၼလင္း
(unicode)
သေသူကအစ်ကို၊ ရိုက်သတ်သူက လင်ယောင်္ကျား၊ တရားလိုက ဇနီးမ ယား
………………………………………………….
ဟုမ္မလင်း၊ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းကျေးရွာအုပ်စု၊ ကြို့ပင်ဘုရားကုန်းကျေးရွာရှိ ဖားတခုန်ရွှေမှော်၌ သမီးယောက်ဖစကားများရာမှ လူသတ်မှုဖြစ်ပွားကြောင်းသိရသည်။
ဇူလိုင်လ ၁၄ ရက် ညဦးပိုင်း ၉ နာရီကျော်တွင် တရားလိုအမျိုးသမီးနှင့် သူ၏ခင်ပွန်း နေအိမ်၌အတူရှိနေစဉ် အမျိုးသမီး၏ အစ်ကိုဖြစ်သူ ရောက်ရှိလာကာ သမီးယောက်ဖစကားများခဲ့ကြသည်ဟုဆိုသည်။
အစ်ကိုဖြစ်သူမှာ အရက်သောက်ထားသဖြင့် စကားများရန်ဖြစ်ကြခြင်းဖြစ်ပြီး ခင်ပွန်းသည်မှ အစ်ကိုဖြစ်သူကိုလက်သီးဖြင့် စတင်ထိုးကြိတ်ခဲ့သည်။
ထို့နောက် အကိုဖြစ်သူမှ “လူမိုက်ဆိုတာ အဲ့လိုမလုပ်ရဘူး၊ ဒီလိုလုပ်ရတယ်” ဟုပြောကာ ၎င်း၏ဦးခေါင်းအား အနီးအနားရှိ (၃×၂)သစ်သားချောင်းဖြင့် ကိုယ်တိုင်ရိုက်ခဲ့သည်။ ခင်ပွန်းဖြစ်သူမှလည်း(၂×၁)သစ်သားချောင်းဖြင့် ထပ်မံရိုက်သောကြောင့် အကိုဖြစ်သူလဲကျသွားသည်” ဟု တရားလိုအမျိုးသမီးကပြောသည် ။
ဒါဏ်ရာရသူအား နမ့်တောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရာ ရရှိဒါဏ်ရာနှင့် သေဆုံးသွားသည်ဟုသိရသည်။
အဆိုပါအမှုအား (ပ)၃၀/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ရဲအုပ်သိန်းထိုက် မိုင်းကိုင်းနယ်မြေရဲစခန်းမှူးမှ အမှု အားစစ်ဆေးပြီး ဇနီးဖြစ်သူမှ တရားလိုပြုလုပ်ကာ အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟုသိရသည် ။
ကျော်စိုး(နမ့်တော)
#PeopleMedia #ဟုမ္မလင်း