သွေးခင်းလမ်းသည် နိုင်ငံရေးပါတီတို့လျှောက်ရမည့်လမ်းမဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား

PUBLISHED - January 29, 2022
နေပြည်တော်၊ ဇန်နဝါရီ ၂၉ (People Media)
ဇန်နဝါရီလ ၂၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီ ရွေးချယ်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက “သွေးခင်းလမ်းသည် နိုင်ငံရေးပါတီတို့လျှောက်ရမည့် လမ်းမဟုတ်ကြောင်း” ပြောကြားခဲ့သည်။
“အရေးပေါ်ကာလအခြေအနေနှင့် လိုက်လျောညီထွေဖြစ်သည့် ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းဖြစ် ကြောင်း၊ အခက်အခဲအကျပ်အတည်းများ ကြုံရသည့်တိုင် ခိုင်မာသောစိတ်ဓါတ်မြဲမြံသောယုံကြည်ချက်ဖြင့် ပါတီတာဝန်များကို ရဲရင့်ပြတ်သားစွာထမ်းဆောင်ကြခြင်းအတွက် ချီးကျူးလေးစားမိကြောင်း၊ ပါတီ၏ မှန် ကန်သောမူဝါဒနှင့် တန်ဖိုးများကို မည်သို့သောအကြောင်းကြောင့်မျှ မညစ်နွမ်းစေသင့်ကြောင်း၊ အနိုင်ရလိုမှု တစ်ခုတည်းအတွက် အမှားပေါ်အမှားထပ်ပြီး အလုံးစုံပျက်စီးခြင်းသို့ ရောက်တတ်သည်ကို မျက်ဝါးထင်ထင် တွေ့ကြပြီဖြစ်ကြောင်း၊ သွေးခင်းလမ်းသည် နိုင်ငံရေးပါတီတို့လျှောက်ရမည့်လမ်းမဟုတ်ကြောင်း” ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်သည်။
“ဒီမိုကရေစီနည်းလမ်းတကျဟုဆိုကာ မဲပေးရွေးချယ်တိုင်းလည်း အလုံးစုံမှန်ကန် ကောင်းမွန်သင့်တော်သည် မဟုတ်ကြောင်း၊ မိမိတို့လူ့အဖွဲ့အစည်းအကျိုးကိုရှေးရှုသောရွေးချယ်မှုပြုနိုင်သည့် မဲပေးသူ၊ လုပ်နည်းစနစ်၊ စောင့်ထိန်းလိုက်နာမှုတို့ကိုပြုစုပျိုးထောင်ရန်တာဝန်ရှိကြောင်း၊ ရွတ်ဆိုခဲ့သော ကတိသစ္စာကို ထိန်းသိမ်းလိုက် နာကြရန်” ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသည် ဇန်နဝါရီနောက်ဆုံးပတ်၌ တိုင်းဒေသကြီး/ပြည်နယ် ပါတီကော်မတီရွေးချယ်ပွဲများ ပြု လုပ်လျက်ရှိသည်။
#PeopleMedia #USDP #Political
(unicode)
………………………………………………………………….
#PeopleMedia #USDP #Political