
PUBLISHED - December 19, 2019
Ref; CAN
(Unicode)
ဟောင်ကောင်တွင် နှစ်ထပ်ကား သစ်ပင်ဝင်တိုက်၍ ၆ ဦးသေဆုံး
………………………………………………………
ဟောင်ကောင်အဝေးပြေးလမ်းမတစ်ခုမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က နှစ်ထပ်ကားတစ်စီး သစ်ပင်ကို ဝင်တိုက် မိလို့ လူ ၆ ဦးသေဆုံးပြီး လူ ၄၀ ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်မတော်တဆမှုကြောင့် အခင်းဖြစ်ရာမှာတင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
ဆေးရုံက တာဝန်ရှိသူတွေက ဒဏ်ရာရရှိသူ ၄၀ ရှိတယ်လို့ပြောကြားထားပြီး သက်ဆိုင်ရာက မတော်တဆမှုကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
Ref; CAN
#PeopleMedia #International