ေဟာင္ေကာင္မွာ ဆႏၵျပသူေတြကို ရဲေတြက င႐ုတ္ေကာင္းျဖန္းေဆးေတြနဲ႔လူစုခြဲေန
PUBLISHED - May 27, 2020
ေဟာင္ေကာင္၊ ေမ ၂၇
တ႐ုတ္အစိုးရရဲ႕အဆိုျပဳထားတဲ့အမ်ိဳးသားလုံၿခဳံေရးဥပေဒေတြေၾကာင့္ အစိုးရဆန္႔က်င္ဆႏၵျပပြဲေတြကို ျပန္ အသက္သြင္းလိုက္တဲ့ ကမၻာ့ဘ႑ာေရးအခ်က္အခ်ာၿမိဳ႕လယ္မွာ ဆႏၵျပသူေတြကိုလူစုခြဲဖို႔ ဒီေန႔မွာ ရဲေတြက င႐ုတ္ေကာင္းျဖန္းေဆးေတြကို အသုံးျပဳေနပါတယ္။
တ႐ုတ္ႏိုင္ငံေတာ္သီခ်င္းကို မေလးမစားလုပ္တဲ့သူေတြကို ရာဇ၀တ္ေၾကာင္းအရအေရးယူမယ့္ ဥပေဒကိုဆန္႔ က်င္ဆႏၵျပဖို႔ တက္ႂကြလႈပ္ရွားသူေတြကတိုက္တြန္းေနၾကသလို ၿမိဳ႕ရဲ႕လြတ္လပ္ခြင့္ေတြကို ၿခိမ္းေျခာက္ခံရ မႈေတြအတြက္ တင္းမာမႈေတြျမင့္တက္ေနလို႔ ေဟာင္ေကာင္ဥပေဒျပဳေကာင္စီကိုလည္း ရဲေတြက ဝိုင္းရံထား ပါတယ္။
အဓိက႐ုဏ္းႏွိမ္ႏွင္းေရးရဲေတြအမ်ားႀကီးရွိေနလို႔ ဥပေဒျပဳေကာင္စီကိုဝိုင္းဖို႔အစီအစဉ္ကိုေတာ့ ဖ်က္ထားပါ တယ္။
ဆိုင္ေတြ၊ ဘဏ္ခြဲေတြနဲ႔ ႐ုံးေတြကိုလည္း အခ်ိန္ေစာပိတ္ထားၿပီး လူဒါဇင္ခ်ီကို အဓိက႐ုဏ္းႏွိမ္ႏွင္းေရး ရဲေတြက ဝိုင္းထားတာနဲ႔ ေလွ်ာက္လမ္းေတြေပၚထိုင္ခိုင္းတာေတြကိုလည္းေတြ႕ေနရပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္မွာ တ႐ုတ္အစိုးရက ေဟာင္ေကာင္ကခြဲထြက္ေရး၊ ခြဲထြက္ဖို႔လႈံ႕ေဆာ္မႈနဲ႔ အၾကမ္းဖက္ လႈပ္ရွားမႈေတြကိုေျဖရွင္းဖို႔ရည္ရြယ္ၿပီး အမ်ိဳးသားလုံၿခဳံေရးဥပေဒေတြကိုျပ႒ာန္းဖို႔ျပင္ဆင္ခဲ့တဲ့ေနာက္ ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြျပန္ျဖစ္ေနတာပါ။
တစိတ္တပိုင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရထားတဲ့ေဟာင္ေကာင္မွာ တ႐ုတ္ေထာက္လွမ္းေရးေအဂ်င္စီေတြ ထားဖို႔ လည္း ဥပေဒေတြမွာပါ၀င္ပါတယ္။
Ref : Hong Kong police fire pepper pellets as protests flare in financial heart
(Unicode)
ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲတွေက ငရုတ်ကောင်းဖြန်းဆေးတွေနဲ့လူစုခွဲနေ
………………………………………………
ဟောင်ကောင်၊ မေ ၂၇
တရုတ်အစိုးရရဲ့အဆိုပြုထားတဲ့အမျိုးသားလုံခြုံရေးဥပဒေတွေကြောင့် အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေကို ပြန် အသက်သွင်းလိုက်တဲ့ ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာမြို့လယ်မှာ ဆန္ဒပြသူတွေကိုလူစုခွဲဖို့ ဒီနေ့မှာ ရဲတွေက ငရုတ်ကောင်းဖြန်းဆေးတွေကို အသုံးပြုနေပါတယ်။
တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားလုပ်တဲ့သူတွေကို ရာဇဝတ်ကြောင်းအရအရေးယူမယ့် ဥပဒေကိုဆန့် ကျင်ဆန္ဒပြဖို့ တက်ကြွလှုပ်ရှားသူတွေကတိုက်တွန်းနေကြသလို မြို့ရဲ့လွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်ခံရ မှုတွေအတွက် တင်းမာမှုတွေမြင့်တက်နေလို့ ဟောင်ကောင်ဥပဒေပြုကောင်စီကိုလည်း ရဲတွေက ဝိုင်းရံထား ပါတယ်။
အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေအများကြီးရှိနေလို့ ဥပဒေပြုကောင်စီကိုဝိုင်းဖို့အစီအစဉ်ကိုတော့ ဖျက်ထားပါ တယ်။
ဆိုင်တွေ၊ ဘဏ်ခွဲတွေနဲ့ ရုံးတွေကိုလည်း အချိန်စောပိတ်ထားပြီး လူဒါဇင်ချီကို အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေက ဝိုင်းထားတာနဲ့ လျှောက်လမ်းတွေပေါ်ထိုင်ခိုင်းတာတွေကိုလည်းတွေ့နေရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်မှာ တရုတ်အစိုးရက ဟောင်ကောင်ကခွဲထွက်ရေး၊ ခွဲထွက်ဖို့လှုံ့ဆော်မှုနဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကိုဖြေရှင်းဖို့ရည်ရွယ်ပြီး အမျိုးသားလုံခြုံရေးဥပဒေတွေကိုပြဋ္ဌာန်းဖို့ပြင်ဆင်ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေပြန်ဖြစ်နေတာပါ။
တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ဟောင်ကောင်မှာ တရုတ်ထောက်လှမ်းရေးအေဂျင်စီတွေ ထားဖို့ လည်း ဥပဒေတွေမှာပါဝင်ပါတယ်။
Ref : Hong Kong police fire pepper pellets as protests flare in financial heart