ဟောင်ကောင်လေဆိပ်တွင် ဆန္ဒပြမှုဖြစ်ပွားနေ
PUBLISHED - July 26, 2019
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒီနေ့(ဇူလိုင် ၂၆) လူပေါင်းရာနဲ့ချီ ဆန္ဒပြလျက်ရှိနေပါ တယ်။
ဆန္ဒပြသူတွေဟာ လေဆိပ်ထဲမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်း ဖက်မှုတွေအတွက် ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဟောင်ကောင်အစိုးရကို ကန့်ကွက်ဆန္ဒပြသူတွေကို မီးရထားပေါ်မှာ တိုက်ခိုက်ခဲ့မှုအပေါ်မှာလည်း ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှု နှောင့်နှေးနေတာကိုကို စုံစမ်း စစ်ဆေးပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
မြေအောက်ရထားဘူတာတစ်ခုမှာ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းပေးခွင့်ရှိတဲ့ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြပြီး ပြန်လာကြတဲ့သူတွေကို လူတစ်ခုက အကြမ်းဖက်ရိုက်နှက်မှုဖြစ်ပွားခဲ့ရာမှာ ဒဏ်ရာရရှိသူ အနည်း ဆုံး ၄၅ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။
Ref; CNA
https://www.facebook.com/1120229281493723/videos/842551166116288/