ေဟာင္ေကာင္နိုင္ငံသား တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ ၁၂၀၀ စီေပးမည္ျဖစ္ေၾကာင္း ေဟာင္ေကာင္အစိုးရေျပာဆို
PUBLISHED - February 27, 2020
ရန္ကုန္
၂၀၂၀၊ ေဖေဖၚဝါရီ ၂၆
ေဟာင္ေကာင္သားေတြရဲ႕ ေငြေၾကး သုံးစြဲမႈတိုးလာေစဖို႔နဲ႕ ေငြေၾကးဝန္ထုပ္ဝန္ပိုးေတြ ေလ်ာ့က်လာေစဖို႔အတြက္ အကူအညီျဖစ္ေအာင္ တစ္ေယာက္ကို အေမရိကန္ေဒၚလာ ၁၂၀၀ ေက်ာ္ေပးသြားမယ္လို႔ ဆိုပါတယ္။
အသက္၁၈ ႏွစ္နဲ႕ အထက္ လူေပါင္း ခုနစ္သန္းေက်ာ္ကို ေပးသြားမွာလည္း ျဖစ္ပါတယ္။
ေဟာင္ေကာင္ရဲ႕ စီးပြားေရးဟာ နိုင္ငံေရးမၿငိမ္သက္မႈေတြေၾကာင့္ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီးျဖစ္ခဲ့ၿပီး ကိုရိနာဗိုင္းရပ္ေၾကာင့္လည္း ပိုၿပီး ထိခိုက္ခဲ့ရပါတယ္။
ေဟာင္ေကာင္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၈၁ ေယာက္ရွိၿပီး အဲဒီေရာဂါပိုးေၾကာင့္ ေသဆုံးသူ ႏွစ္ဦး ရွိေနပါၿပီ။
“ေဟာင္ေကာင္ရဲ႕ စီးပြားေရးဟာ ဒီႏွစ္မွာ စိန္ေခၚမႈေတြနဲ႕ ႀကဳံေနရပါတယ္။ အေသအျခာသုံးသပ္ၿပီးေတာ့ အသက္ ၁၈ ႏွစ္နဲ႕ အထက္ ေဟာင္ေကာင္မွာ အၿမဲတမ္းေနထိုင္သူေတြကို တစ္ဦးကို ေဟာင္ေကာင္ ေဒၚလာ တစ္ေသာင္း (အေမရိကန္ေဒၚလာ ၁၂၈၀) ေပးသြားဖို႔ ဆုံးျဖတ္ထားပါတယ္” လို႔ ဘ႑ာေရးအတြင္းဝန္ ေပါခ်န္က ဆိုပါတယ္။
စီးပြားေရးအေပၚ ဆႏၵျပပြဲေတြနဲ႕ ဗိုင္းရပ္စ္ရဲ႕ သက္ေရာက္မႈေတြ သက္သာေစဖို႔အတြက္ သက္သာေရး အစီအမံအေနနဲ႕ ေဟာင္ေကာင္ေဒၚလာ ဘီလီယံ ၁၂၀ အသုံးျပဳသြားမယ့္ အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းလည္းျဖစ္ပါတယ္။
ၿပီးေတာ့ အိမ္ငွားခေတြကိုလည္း ေလွ်ာ့ခ်သြားမွာျဖစ္ၿပီး အိမ္ၿခံေျမအခြန္ ျပန္အမ္းတာေတြလည္း လုပ္သြားမွာ ျဖစ္ပါတယ္။
၂၀၂၁ ခုႏွစ္မွာေတာ့ ဘတ္ဂ်က္လိုေငြဟာ အေမရိကန္ေဒၚလာ ၁၈ ဘီလီယံအထိ ရွိလာမယ္လို႔ ခန့္မွန္းထားပါတယ္။ ဒါဟာ ေဟာင္ေကာင္ရဲံ သမိုင္းမွာ စံခ်ိန္တင္ အျမင့္ဆုံးလည္း ျဖစ္ပါတယ္။
ေအာင္ေအာင္
Source: BBC
[Unicode]
ဟောင်ကောင်နိုင်ငံသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ စီပေးမည်ဖြစ်ကြောင်း ဟောင်ကောင်အစိုးရပြောဆို
………………………………………………………………………………….
ရန်ကုန်
၂၀၂၀၊ ဖေဖေါ်ဝါရီ ၂၆
ဟောင်ကောင်သားတွေရဲ့ ငွေကြေး သုံးစွဲမှုတိုးလာစေဖို့နဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးတွေ လျော့ကျလာစေဖို့အတွက် အကူအညီဖြစ်အောင် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်ပေးသွားမယ်လို့ ဆိုပါတယ်။
အသက်၁၈ နှစ်နဲ့ အထက် လူပေါင်း ခုနစ်သန်းကျော်ကို ပေးသွားမှာလည်း ဖြစ်ပါတယ်။
ဟောင်ကောင်ရဲ့ စီးပွားရေးဟာ နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်ခဲ့ပြီး ကိုရိနာဗိုင်းရပ်ကြောင့်လည်း ပိုပြီး ထိခိုက်ခဲ့ရပါတယ်။
ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၁ ယောက်ရှိပြီး အဲဒီရောဂါပိုးကြောင့် သေဆုံးသူ နှစ်ဦး ရှိနေပါပြီ။
“ဟောင်ကောင်ရဲ့ စီးပွားရေးဟာ ဒီနှစ်မှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရပါတယ်။ အသေအခြာသုံးသပ်ပြီးတော့ အသက် ၁၈ နှစ်နဲ့ အထက် ဟောင်ကောင်မှာ အမြဲတမ်းနေထိုင်သူတွေကို တစ်ဦးကို ဟောင်ကောင် ဒေါ်လာ တစ်သောင်း (အမေရိကန်ဒေါ်လာ ၁၂၈၀) ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ဘဏ္ဍာရေးအတွင်းဝန် ပေါချန်က ဆိုပါတယ်။
စီးပွားရေးအပေါ် ဆန္ဒပြပွဲတွေနဲ့ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုတွေ သက်သာစေဖို့အတွက် သက်သာရေး အစီအမံအနေနဲ့ ဟောင်ကောင်ဒေါ်လာ ဘီလီယံ ၁၂၀ အသုံးပြုသွားမယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။
ပြီးတော့ အိမ်ငှားခတွေကိုလည်း လျှော့ချသွားမှာဖြစ်ပြီး အိမ်ခြံမြေအခွန် ပြန်အမ်းတာတွေလည်း လုပ်သွားမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ ဘတ်ဂျက်လိုငွေဟာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ဟောင်ကောင်ရဲံ သမိုင်းမှာ စံချိန်တင် အမြင့်ဆုံးလည်း ဖြစ်ပါတယ်။
အောင်အောင်
Source: BBC