ေအာက္စဖို႔တကၠသိုလ္ထုတ္လုပ္ေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္မႈယာယီရပ္ဆိုင္းထား
PUBLISHED - September 9, 2020
လန္ဒန္၊ စက္တင္ဘာ ၉
AstraZeneca ေဆးကုမၸဏီႏွင့္ေအာက္စဖို႔တကၠသိုလ္တို႔ပူးေပါင္းထုတ္လုပ္ေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ကာ ကြယ္ေဆး ေနာက္ဆံုးအဆင့္လူသားတြင္စမ္းသပ္ကုသမႈမ်ားကို ယာယီရပ္ဆိုင္းထားသည္။
ၿဗိတိန္မွစမ္းသပ္ခံသူတစ္ေယာက္တြင္ ေျပာင္းျပန္ဓာတ္ျပဳမႈ႐ွိခဲ့ၿပီးေနာက္ ရပ္ဆိုင္းျခင္းျဖစ္သည္။
႐ွင္းမျပႏိုင္သည့္နာမက်န္းမႈျဖစ္ရပ္တြင္ ပံုမွန္ရပ္ဆိုင္းျခင္းဟု ေဆးကုမၸဏီဘက္ကေျပာသည္။
ကာကြယ္ေဆးလူသားတြင္စမ္းသပ္မႈမ်ားကို ကမာၻတ၀န္းလံုးက ဂ႐ုတစိုက္ေစာင့္ၾကည့္ေနၾကသည္။
ကမာၻတ၀န္းတြင္ထုတ္လုပ္ေနသည့္ကာကြယ္ေဆးတစ္ဒါဇင္ခန္႔အနက္ ယခုေဆးကို အားေကာင္းသည့္ ၿပိဳင္ဘက္ဟု႐ွဳျမင္ၾကသည္။
မၾကာေသးခင္ သီတင္းပတ္မ်ားတြင္ အဆင့္ ၃ လူအေျမာက္အျမားတြင္စမ္းသပ္မႈစတင္ၿပီး အေမရိကန္မွ သာမက ၿဗိတိန္၊ ဘရာဇီးႏွင့္ ေတာင္အာဖရိကႏိုင္ငံတို႔မွလူ ၃ သိန္းေက်ာ္ပါ၀င္သည္။
အဆင့္ ၃ စမ္းသပ္မႈမ်ားတြင္ လူေထာင္ခ်ီပါ၀င္ေလ့႐ွိၿပီး ႏွစ္အေတာ္ၾကာေလ့႐ွိသည္။
Ref : Coronavirus: Oxford University vaccine trial paused after participant falls ill
(unicode)
အောက်စဖို့တက္ကသိုလ်ထုတ်လုပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုယာယီရပ်ဆိုင်းထား
…………………………………………………
လန်ဒန်၊ စက်တင်ဘာ ၉
AstraZeneca ဆေးကုမ္ပဏီနှင့်အောက်စဖို့တက္ကသိုလ်တို့ပူးပေါင်းထုတ်လုပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေး နောက်ဆုံးအဆင့်လူသားတွင်စမ်းသပ်ကုသမှုများကို ယာယီရပ်ဆိုင်းထားသည်။
ဗြိတိန်မှစမ်းသပ်ခံသူတစ်ယောက်တွင် ပြောင်းပြန်ဓာတ်ပြုမှုရှိခဲ့ပြီးနောက် ရပ်ဆိုင်းခြင်းဖြစ်သည်။
ရှင်းမပြနိုင်သည့်နာမကျန်းမှုဖြစ်ရပ်တွင် ပုံမှန်ရပ်ဆိုင်းခြင်းဟု ဆေးကုမ္ပဏီဘက်ကပြောသည်။
ကာကွယ်ဆေးလူသားတွင်စမ်းသပ်မှုများကို ကမ္ဘာတဝန်းလုံးက ဂရုတစိုက်စောင့်ကြည့်နေကြသည်။
ကမ္ဘာတဝန်းတွင်ထုတ်လုပ်နေသည့်ကာကွယ်ဆေးတစ်ဒါဇင်ခန့်အနက် ယခုဆေးကို အားကောင်းသည့် ပြိုင်ဘက်ဟုရှုမြင်ကြသည်။
မကြာသေးခင် သီတင်းပတ်များတွင် အဆင့် ၃ လူအမြောက်အမြားတွင်စမ်းသပ်မှုစတင်ပြီး အမေရိကန်မှ သာမက ဗြိတိန်၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့မှလူ ၃ သိန်းကျော်ပါဝင်သည်။
အဆင့် ၃ စမ်းသပ်မှုများတွင် လူထောင်ချီပါဝင်လေ့ရှိပြီး နှစ်အတော်ကြာလေ့ရှိသည်။
Ref : Coronavirus: Oxford University vaccine trial paused after participant falls ill