ေအာက္စဖို႔ဒ္တကၠသိုလ္က ထိုင္းနိုင္ငံ၌ ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္မည္

PUBLISHED - October 19, 2020
နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၉
ေအာက္စဖို႔ဒ္တကၠသိုလ္က အာဆီယံေစ်းကြက္သို႔ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးေပးအပ္ရန္ ထုတ္ လုပ္ေရးအေျခစိုက္စခန္းတစ္ခုအျဖစ္ ထိုင္းနိုင္ငံကို ေရြးခ်ယ္လိုက္ေၾကာင္း သိရသည္။
ထိုင္းအစိုးရက ျပည္သူ႔က်န္းမာေရးအတြက္ ဘတ္ေငြ ထရီလီယံခ်ီေသာ ေငြေၾကးပမာဏတစ္ရပ္ စီစဥ္ခဲ့ ေၾကာင္း အစိုးရအဖြဲ႕ ဒုတိယေျပာေရးဆိုခြင့္ရအမ်ိဳးသမီး ထရိုင္ဆူရီတိုင္ဆာရန္နာကူက ေျပာၾကားခဲ့သည္။
ဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ား ဝယ္ယူေရးႏွင့္ ထုတ္လုပ္ေရးအပါအဝင္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကိုင္တြယ္ ေျဖရွင္းရန္ ၂၀၂၁ ဘ႑ာေရးႏွစ္အတြက္ ဘတ္ေငြ ဘီလီယံ ၄၀ ခြဲေဝသတ္မွတ္ခဲ့သည္။
မၾကာေသးမီက ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္သူ႔က်န္းမာေရးဝန္ႀကီး အႏူတင္ခ်န္ဗီယာကူလ္က ေအာက္စ ဖို႔ဒ္တကၠသိုလ္ႏွင့္ ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ သုေတသနကာကြယ္ေဆးတစ္မ်ိဳး ထုတ္လုပ္ျခင္း၊ ခြဲေဝျခင္းေဆာင္ ရြက္ရန္ သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးခဲ့သည္။
ေအာက္စဖို႔ဒ္တကၠသိုလ္မွထုတ္လုပ္ေသာ ဗိုင္းရပ္စ္ကာကြယ္ေဆးက အာဆီယံေဒသကို ထုတ္လုပ္ေရး အေျခစိုက္စခန္းတစ္ခုအျဖစ္ ထိုင္းနိုင္ငံကို အသုံးျပဳမည္ျဖစ္သည္။
“ေအာက္စဖို႔ဒ္တကၠသိုလ္ရဲ့ ကာကြယ္ေဆး ထုတ္လုပ္မႈက မ်ားစြာ တိုးတက္မႈရွိခဲ့ၿပီး လူသားနဲ႔ စမ္းသပ္မႈ ေတြ လုပ္ေဆာင္ေနပါတယ္” ဟု ထရိုင္ဆူရီက ေျပာသည္။
ထိုင္းက်န္းမာေရးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ေအာက္စဖို႔ဒ္တကၠသိုလ္က SCG ကုမၸဏီႏွင့္ပူးေပါင္း၍ ဗိုင္း ရပ္စ္ကာကြယ္ေဆး ထုတ္လုပ္ရန္ Siam Bioscience Co Ltd ပိုင္စက္႐ုံကို အသုံးျပဳမည္ျဖစသည္။
Siam Bioscience ႏွင့္ ေအာက္စဖို႔ဒ္တကၠသိုလ္တို႔က သုေတသနႏွင့္ တီထြင္မႈေဆာင္ရြက္ရာတြင္ ပူး ေပါင္းေဆာင္ရြက္လ်က္ရွိသည္။
ကိုးကား – သည္ေနးရွင္း
Ref; Oxford picks Thailand as production base for Covid-19 vaccine
#PeopleMedia
(unicode)
အောက်စဖို့ဒ်တက္ကသိုလ်က ထိုင်းနိုင်ငံ၌ ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မည်
……………………………………………..
နိုင်ငံတကာ၊ အောက်တိုဘာ ၁၉
အောက်စဖို့ဒ်တက္ကသိုလ်က အာဆီယံစျေးကွက်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပေးအပ်ရန် ထုတ် လုပ်ရေးအခြေစိုက်စခန်းတစ်ခုအဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်လိုက်ကြောင်း သိရသည်။
ထိုင်းအစိုးရက ပြည်သူ့ကျန်းမာရေးအတွက် ဘတ်ငွေ ထရီလီယံချီသော ငွေကြေးပမာဏတစ်ရပ် စီစဉ်ခဲ့ ကြောင်း အစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရအမျိုးသမီး ထရိုင်ဆူရီတိုင်ဆာရန်နာကူက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ် ကာကွယ်ဆေးများ ဝယ်ယူရေးနှင့် ထုတ်လုပ်ရေးအပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါ ကိုင်တွယ် ဖြေရှင်းရန် ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ငွေ ဘီလီယံ ၄၀ ခွဲဝေသတ်မှတ်ခဲ့သည်။
မကြာသေးမီက ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး အနူတင်ချန်ဗီယာကူလ်က အောက်စ ဖို့ဒ်တက္ကသိုလ်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သုတေသနကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ခြင်း၊ ခွဲဝေခြင်းဆောင် ရွက်ရန် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
အောက်စဖို့ဒ်တက္ကသိုလ်မှထုတ်လုပ်သော ဗိုင်းရပ်စ်ကာကွယ်ဆေးက အာဆီယံဒေသကို ထုတ်လုပ်ရေး အခြေစိုက်စခန်းတစ်ခုအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုမည်ဖြစ်သည်။
“အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေး ထုတ်လုပ်မှုက များစွာ တိုးတက်မှုရှိခဲ့ပြီး လူသားနဲ့ စမ်းသပ်မှု တွေ လုပ်ဆောင်နေပါတယ်” ဟု ထရိုင်ဆူရီက ပြောသည်။
ထိုင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် အောက်စဖို့ဒ်တက္ကသိုလ်က SCG ကုမ္ပဏီနှင့်ပူးပေါင်း၍ ဗိုင်း ရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရန် Siam Bioscience Co Ltd ပိုင်စက်ရုံကို အသုံးပြုမည်ဖြစသည်။
Siam Bioscience နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့က သုတေသနနှင့် တီထွင်မှုဆောင်ရွက်ရာတွင် ပူး ပေါင်းဆောင်ရွက်လျက်ရှိသည်။
ကိုးကား – သည်နေးရှင်း
Ref; Oxford picks Thailand as production base for Covid-19 vaccine
#PeopleMedia