အောင်မင်္ဂလာကားဝင်းရှိ အုပ်ချုပ်ရေးမှူးရုံးအနီး၌ ပေါက်ကွဲမှုဖြစ်ပွား ကလေးတစ်ဦး ဒဏ်ရာရ
PUBLISHED - December 10, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာဝေးပြေးယာဉ်ရပ်နားဝင်းအတွင်းရှိ ချစ်တီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွာရာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း အဆိုပါ ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းတချို့ထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် မော်လမြိုင်လမ်းရှိ ခရီးသည်နားနေဆောင်အနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးနှစ်ပေါက်ကွဲဖြစ်ပေါ်၍ ယင်းရုံးအနီးတွင် ဆော့ကစားနေသည့် ကလေး ငယ်အား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ဗုံးက နှစ်လုံးဆင့်ကွဲတာ ထိခိုက်ဒဏ်ရာရတဲ့ မောင်ဖိုးချစ်ဆိုတဲ့ ကလေးငယ်ကတော့ စိုးရိမ်စရာမရှိပါဘူး၊ သူနဲ့အတူတူပဲ ဦးလေးကြီးတစ်ယောက်လည်း ဒဏ်ရာရရှိပါသေးတယ်၊ သူလည်း စိုးရိမ်စရာ မရှိပါဘူး၊ အခု လောလောဆယ် မင်္ဂလာဒုံစစ်ဆေးရုံမှာ တင်ထားရပါတယ်” ဟု သိရပါတယ်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပေါက်ကွဲမှုတစ် ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်ထပ်မံဖြစ်ပေါ်ခြင်းဖြစ်ကြောင်းသိရပါတယ်။
#PeopleMedia #မင်္ဂလာဒုံမြို့နယ် #အောင်မင်္ဂလာပြေး
(unicode)
………………………………………………………