အောင်လအန်ဆန်နှင့် ဗီတာလီဘက်ဒစ်တို့ တတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်မည်

PUBLISHED - January 29, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၈ (People Media)
အောင်လအန်ဆန်နှင့် ရုရှားပြိုင်ဘက် ဗီတာလီဘက်ဒစ်တို့ ထိုးသတ်ပွဲကို ဧပြီလ ၂၁ ရက်တွင်ပြုလုပ်မည့် MMA ပြိုင်ပွဲ၌ ထည့်သွင်း ကျင်းပမည်ဟု One Championship က ယင်း၏ ဝက်ဘ်ဆိုဒ်၌ ဖော်ပြခဲ့သည်။
အဆိုပါ ထိုးသတ်ပွဲ၌ အနိုင်ရရှိသူက One Championship ၏ မစ်ဒယ်ဝိတ်ခါးပတ်အတွက် နံပါတ်တစ် စိန်ခေါ်ခွင့်ရှိသူ ဖြစ်လာမည်ဖြစ်သည်။
အောင်လအန်ဆန်က နယ်သာလန် MMA ကစားသမား ရိန်းနီးယားရစ်ဒါကို ရှုံးနိမ့်ထားခြင်းကြောင့် ရိန်းနီးယားထံ ဆုံးရှုံးခဲ့ရသော မစ်ဒယ်ဝိတ်ခါးပတ် ပြန်လည်ရယူလိုသည်။
အောင်လအန်ဆန်က One Championship ၏ MMA ပြိုင်ပွဲများ၌ ၂၆ ပွဲထိုးပြီး ၁၁ ပွဲ အနိုင်ရရှိထားပြီး ရိန်းနီးယားကို မရှုံးနိမ့်မီ ၇ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။
One Championship ၏ MMA ပြိုင်ပွဲများ၌ ၁၀ ပွဲထိုးသတ်ပြီး ၂ ပွဲ ရှုံးနိမ့်ထားသူ ဗီတာလီဘက်ဒစ်က လက်ရှိတွင် “Destiny of Champions” ဟု အမည်ပေးထားသည့် ပြိုင်ပွဲ၌ ယူကီနီမူရာအား အနိုင်ရရှိခဲ့သည်။
အောင်လအန်ဆန်နှင့် ဗီတာလီဘက်ဒစ်တို့ကြား သုံးကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်မည့် ယခုပွဲစဉ်ကို မည်သည့်နေရာ၌ ကျင်းပမည်ဆိုသည်ကို မကြေညာရသေးပေ။
ယခင်နှစ်ကြိမ်တွေ့ဆုံမှုတွင် အောင်လအန်ဆန်နှင့် ဗီတာလီဘက်ဒစ်တို့က တစ်ကြိမ်စီ အပြန်အလှန် အနိုင်ရရှိထားသည်။
ကိုးကား – One Championship
Ref; Aung La N Sang vs. Vitaly Bigdash Trilogy Fight confirmed for 21 April 2021
(unicode)
……………………………………………..
Ref; Aung La N Sang vs. Vitaly Bigdash Trilogy Fight confirmed for 21 April 2021