ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ သတိလစ္ေမ့ေျမာေ နၿပီး ညီမျဖစ္သူ ကင္ယိုေဂ်ာင္က အာဏာရယူထား ဟုဆို

PUBLISHED - August 25, 2020
ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၄
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္မွ သတိလစ္ေမ့ေျမာေနၿပီး ညီမျဖစ္သူ ကင္ယိုေဂ်ာင္က ႏိုင္ငံ့ အာဏာကို ထိန္းခ်ဳပ္ထားေၾကာင္း ေတာင္ကိုရီးယား သံတမန္တစ္ဦးက ထင္ျမင္ယူဆလ်က္ရွိသည္။
ေတာင္ကိုရီးယားသမၼတေဟာင္း ကင္ေဒးဂ်န္၏ လက္ေထာက္ေဟာင္းတစ္ဦးျဖစ္သူ ခ်န္ေဆာင္မင္က မီ ဒီယာမ်ားသို႔ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ကင္ဂ်ဳံအန္က ကိုးမားေရာဂါ ခံစားေနရေသာ္လည္း မေသဆုံးေသးေၾကာင္း ၄င္းက ေျပာသည္။ “အာဏာ တည္ေဆာက္မႈၿပီးစီးေအာင္ မလုပ္ရေသးပါဘူး။ ေလေလာဆယ္ ကင္ယိုေဂ်ာင္က အာဏာထိန္းခ်ဳပ္ထားပါတယ္” ဟု ၄င္းက ဆိုသည္။
အသက္ ၃၆ ႏွစ္အရြယ္ ကင္ဂ်ဳံအန္က ညီမျဖစ္သူအပါအဝင္ အနီးကပ္လက္ေထာက္မ်ားသို႔ အာဏာခြဲေဝ ေပးခဲ့သည္ဟု ေတာင္ကိုရီးယား ေထာက္လွမ္းေရးဌာနက ေျပာၾကားခဲ့ၿပီး ရက္အနည္းငယ္အၾကာတြင္ ခ်န္က ထို သို႔ ထိုသို႔ယူဆခဲ့ျခင္းျဖစ္သည္။
အလုပ္သမားပါတီ ဗဟိုေကာ္မတီ ဒုတိယၫႊန္ၾကားေရးမွဴး ကင္ယိုေဂ်ာင္က တိုင္းျပည္ေရးရာ ကိစၥရပ္ မ်ားအားလုံးကို ႀကီးၾကပ္ကြပ္ကဲေနေၾကာင္း ေတာင္ကိုရီးယား အမ်ိဳးသားေထာက္လွမ္းေရးဌာနက ေျပာၾကားခဲ့သည္။
က်န္းမာေရးႏွင့္ပတ္သက္၍ ထင္ျမင္ယူဆခ်က္မ်ား ထြက္ေပၚေစသည့္ လူျမင္ကြင္းမွ ကင္ဂ်ဳံအန္ ကာလ ရွည္ ေပ်ာက္ကြယ္ျခင္းမွာ ပထမအႀကိမ္ မဟုတ္ေတာ့ေပ။
ကင္ဂ်ဳံအန္သည္ ဧၿပီလအတြင္း ႏွလုံးခြဲစိတ္မႈျပဳလုပ္ၿပီးေနာက္ လူျမင္ကြင္းတြင္ သုံးပတ္ခန္႔ ျမင္ေတြ႕ခဲ့ ျခင္းမရွိေသာ္လည္း ေျမာက္ကိုရီးယားအစိုးရက အေျခအေနကို မထုတ္ျပန္ခဲ့ေပ။
ကိုးကား -ေဖာက္စ္နယူး
Ref; Kim Jong Un in coma, sister set to take control, South Korean ex-diplomat alleges
#PeopleMedia
(unicode)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သတိလစ်မေ့မြော ေနပြီး ညီမဖြစ်သူ ကင်ယိုဂျောင်က အာဏာရယူထား ဟုဆို
…………………………………………………
နိုင်ငံတကာ၊ ဩဂုတ် ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှ သတိလစ်မေ့မြောနေပြီး ညီမဖြစ်သူ ကင်ယိုဂျောင်က နိုင်ငံ့ အာဏာကို ထိန်းချုပ်ထားကြောင်း တောင်ကိုရီးယား သံတမန်တစ်ဦးက ထင်မြင်ယူဆလျက်ရှိသည်။
တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျန်၏ လက်ထောက်ဟောင်းတစ်ဦးဖြစ်သူ ချန်ဆောင်မင်က မီ ဒီယာများသို့ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ကင်ဂျုံအန်က ကိုးမားရောဂါ ခံစားနေရသော်လည်း မသေဆုံးသေးကြောင်း ၄င်းက ပြောသည်။ “အာဏာ တည်ဆောက်မှုပြီးစီးအောင် မလုပ်ရသေးပါဘူး။ လေလောဆယ် ကင်ယိုဂျောင်က အာဏာထိန်းချုပ်ထားပါတယ်” ဟု ၄င်းက ဆိုသည်။
အသက် ၃၆ နှစ်အရွယ် ကင်ဂျုံအန်က ညီမဖြစ်သူအပါအဝင် အနီးကပ်လက်ထောက်များသို့ အာဏာခွဲဝေ ပေးခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောကြားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ချန်က ထို သို့ ထိုသို့ယူဆခဲ့ခြင်းဖြစ်သည်။
အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယညွှန်ကြားရေးမှူး ကင်ယိုဂျောင်က တိုင်းပြည်ရေးရာ ကိစ္စရပ် များအားလုံးကို ကြီးကြပ်ကွပ်ကဲနေကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များ ထွက်ပေါ်စေသည့် လူမြင်ကွင်းမှ ကင်ဂျုံအန် ကာလ ရှည် ပျောက်ကွယ်ခြင်းမှာ ပထမအကြိမ် မဟုတ်တော့ပေ။
ကင်ဂျုံအန်သည် ဧပြီလအတွင်း နှလုံးခွဲစိတ်မှုပြုလုပ်ပြီးနောက် လူမြင်ကွင်းတွင် သုံးပတ်ခန့် မြင်တွေ့ခဲ့ ခြင်းမရှိသော်လည်း မြောက်ကိုရီးယားအစိုးရက အခြေအနေကို မထုတ်ပြန်ခဲ့ပေ။
ကိုးကား -ဖောက်စ်နယူး
Ref; Kim Jong Un in coma, sister set to take control, South Korean ex-diplomat alleges
#PeopleMedia