ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ ေနမေကာင္းျဖစ္ေနသည္မွာ မမွန္ကန္ဟု ေဒၚနယ္ထရမ့္ ယူဆ
PUBLISHED - April 24, 2020
နိုင္ငံတကာ၊ ဧၿပီ ၂၄
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္မွာ စိုးရိမ္ဖြယ္ရာ ဖ်ားနာေနသည္ဆိုေသာ သတင္းမ်ားမွာ မမွန္ ကန္ဟု ယုံၾကည္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားသည္။
သူႏွင့္ ကင္ဂ်ဳံအန္တို့မွာ ေကာင္းမြန္ေသာ ဆက္ဆံေရးတစ္ရပ္ရွိၿပီး ကင္ဂ်ဳံအန္ က်န္းမာေရးေကာင္းမြန္သည္ဟု ေမၽွာ္လင့္ပါေၾကာင္း ယမန္ေန႔ကျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။
ကင္ဂ်ဳံအန္သည္ ခြဲစိတ္ကုသမွုခံယူၿပီးေနာက္ က်န္းမာေရးအေျခအေနမွာ စိုးရိမ္ဖြယ္ရာအေျခအေန ရွိေနသည့္အတြက္ အေမရိကန္အစိုးရက အေျခအေနကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိသည္ဟု အစိုးရသတင္းရင္းျမစ္တစ္ခုကို ကိုးကား၍ စီအင္န္အင္န္သတင္းဌာနက အေစာပိုင္တြင္ ေဖာ္ျပခဲ့သည္။
သတင္းအေဟာင္းမ်ားကို အေျခခံၿပီး ေဖာ္ျပခဲ့ျခင္းျဖစ္သည္ဟု ေဒၚနယ္ထရမ့္က ဆိုသည္။ စီအင္န္အင္န္ သတင္းဌာနက ေဖာ္ျပခဲ့သည့္သတင္းမွာ သတင္းတုျဖစ္ေၾကာင္း ၄င္းက ေျပာသည္။
ေျမာက္ကိုရီးယား တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ျခင္းရွိ မရွိ မွတ္ခ်က္ေပးရန္ ေဒၚနယ္ထရမ့္က ျငင္းဆန္ခဲ့ သည္။ ေျမာက္ကိုရီးယားမီဒီယာမ်ားက ကင္ဂ်ဳံအန္၏ လွုပ္ရွားမွုမ်ားႏွင့္ပတ္သက္ၿပီး သတင္းမေဖာ္ျပသည္မွာ တစ္ပတ္ေက်ာ္ ၾကာခဲ့ၿပီျဖစ္သည္။
–ကိုးကား–အင္န္အိတ္ခ်္ေက
Ref; Trump thinks reports on Kim’s illness incorrect
#PeopleMedia
(unicode)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နေမကောင်းဖြစ်နေသည်မှာ မမှန်ကန်ဟု ဒေါ်နယ်ထရမ့် ယူဆ
………………………………………………………………………………….
နိုင်ငံတကာ၊ ဧပြီ ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ စိုးရိမ်ဖွယ်ရာ ဖျားနာနေသည်ဆိုသော သတင်းများမှာ မမှန် ကန်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
သူနှင့် ကင်ဂျုံအန်တို့မှာ ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ်ရှိပြီး ကင်ဂျုံအန် ကျန်းမာရေးကောင်းမွန်သည်ဟု မျှော်လင့်ပါကြောင်း ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ကင်ဂျုံအန်သည် ခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိနေသည့်အတွက် အမေရိကန်အစိုးရက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ စီအင်န်အင်န်သတင်းဌာနက အစောပိုင်တွင် ဖော်ပြခဲ့သည်။
သတင်းအဟောင်းများကို အခြေခံပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ စီအင်န်အင်န် သတင်းဌာနက ဖော်ပြခဲ့သည့်သတင်းမှာ သတင်းတုဖြစ်ကြောင်း ၄င်းက ပြောသည်။
မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းရှိ မရှိ မှတ်ချက်ပေးရန် ဒေါ်နယ်ထရမ့်က ငြင်းဆန်ခဲ့ သည်။ မြောက်ကိုရီးယားမီဒီယာများက ကင်ဂျုံအန်၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး သတင်းမဖော်ပြသည်မှာ တစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်သည်။
–ကိုးကား–အင်န်အိတ်ခ်ျကေ
Ref; Trump thinks reports on Kim’s illness incorrect