မြောက်ဒဂုံရဲစခန်းနှင့် ပင်လုံခန်းမအနီး၌ ဗုံးပေါက်ကွဲ
PUBLISHED - September 4, 2021
နေပြည်တော်၊ စက်တင်ဘာ – ၄ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ရဲစခန်းအရှေ့နှင့် (ပင်လုံခန်းမအနီး) ဗိုလ်မင်းရောင်လမ်း၊ အိမ်ရာ ထောင့်၌ စက်တင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ယင်းမြို့နယ်နေ ထိုင်သူများထံမှ သိရပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ ၁ မိနစ်အချိန်တွင် မြောက်ဒဂုံ ၄၂ ရပ်ကွက် (ပင်လုံခန်းမအနီး) ဗိုလ်မင်းရောင်လမ်း၊ အိမ်ရာထောင့်မှာ ပေါက်ကွဲမူဖြစ်ပေါ်ခဲ့သလို ည ၁၁ နာရီ ၄၄ မိနစ်အချိန်က မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက်ရှိ ရဲစခန်းရှေ့မှာ ဗုံးထပ်မံ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။
အဆိုပါ ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုမရှိခဲ့ကြောင်း သိရပါတယ်။
#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့
(unicode)
………………………………………………