• Follow Us on

Home မြောက်ဒဂုံရှိ နေအိမ်တစ်လုံးကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်စီးနင်းရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ပြီးနောက် နေအိမ်မှ လက်နက်အမြောက်အများ ဖမ်းဆီးရမိခဲ့၊ အလားတူ ကိုဂျင်မီ အပါအဝင် လူအချို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများ အတည်ပြု

မြောက်ဒဂုံရှိ နေအိမ်တစ်လုံးကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်စီးနင်းရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ပြီးနောက် နေအိမ်မှ လက်နက်အမြောက်အများ ဖမ်းဆီးရမိခဲ့၊ အလားတူ ကိုဂျင်မီ အပါအဝင် လူအချို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများ အတည်ပြု

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၄ (People Media)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့
နယ်၊ ပင်လုံအိမ်ယာအပိုင်း(၃)ရှိ နေအိမ်တစ်လုံးကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ နေအိမ်၌ လက်နက်အမြောက်အများ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံအချို့က People Media သို့ ပြောပါတယ်။

“မနေ့ညက နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တယ်။ လက်နက်မျိုးစုံက တော်တော်များတယ်။ အိမ်ထဲက လူတွေကလည်း ခံပစ်တယ်။နောက်ဆုံး အိမ်ထဲကလူတွေ အဖမ်းခံလိုက်ရတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အလားတူ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ၈၈ ငြိမ်းပွင့်မှ ကိုဂျင်မီကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရှိ တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။

ထို့အတူ ကိုဂျင်မီ ဖမ်းဆီးခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက “အောက်တိုဘာ၂၃ ရက်နေ့ ညပိုင်းမှာ မြောက်ဒဂုံမှာ ကိုဂျင်မီကို စကစ တွေ ဖမ်းဆီးသွားပါတယ်။အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။စကစ ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေကို အားလုံးတာဝန်ယူဖြေရှင်းရမယ်လို့”သူမ၏ လူမှုကွန်ရက်၌ ရေးသားထားပါတယ်။

photo – ပုံအဟောင်းအသုံးပြုထားသည်။

#PeopleMedia #ကိုဂျင်မီ

(unicode)
……………………………….









Share this post