မြောက်ပိုင်းပင်လယ်ပြင်ကောင်းကင်ယံတွင် စစ်အင်အားပြရန် အမေရိကန်လေတပ်မှ B-52 ဗုံးကြဲလေယာဉ်များ သည် B1-B ဗံုံးကြဲလေယာဉ်များ ဗြိတိန်တော်ဝင်လေတပ်မှ တိုက်လေယာဉ်များနှင့် သွားရောက်ပူးပေါင်း

PUBLISHED - November 11, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁ (People Media)
မြောက်ပိုင်းပင်လယ်ပြင်ကောင်းကင်ယံတွင် စစ်အင်အားပြရန်အတွက် အမေရိကန်လေတပ်မှ B-52 ဗုံးကြဲလေ ယာဉ်များသည် B1-B ဆူပါဆောနစ်ဗံုံးကြဲလေယာဉ်များနှင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်ပူးပေါင်း လိုက်ကြောင်းသိရသည်။
ရန်လိုသည့်အပြုအမူများနှင့်အတူ ပေါ်ပေါက်လာနိုင်သည့် မည်သည့်ရန်သူကိုမဆို ထိန်းချုပ်ဟန့်တားနိုင်ရန် စစ် ဆင်ရေးတစ်ရပ်အဖြစ် အဆိုပါဗုံးကြဲလေယာဉ်များသည် ဗြိတိန်တော်ဝင်လေတပ်မှ တိုက်လေယာဉ်များနှင့်အတူ ပျံသန်းလာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လေတပ်ကပြောသည်။
မြောက်ဒါကိုတာပြည်နယ် မီနော့လေတပ်အခြေစိုက်စခန်းရှိ အမှတ် ၅ ဗုံးကြဲလေယာဉ်အုပ်မှ B-52 ဗုံးကြဲလေ ယာဉ်များသည် ဗုံးကြဲလေယာဉ်အုပ်စုဥရောပစစ်ဆင်ရေးအဖွဲ့ကို ထောက်ပံ့ရန်အတွက် အမှတ် ၉ ပြည်ပနိုင်ငံ များဗံုံးကြဲလေယာဉ်အုပ်စုမှ B1-B ဗုံးကြဲလေယာဉ်များနှင့် သွားရောက်ပူးပေါင်းခြင်းဖြစ်သည်။
စစ်ဆင်ရေးလေ့ကျင့်ခန်းဆောင်ရွက်မည့်နေရာသို့ ဗြိတိန်တော်ဝင်လေတပ်မှ Typhoon FGR4 တိုက်လေယာဉ် များ၊ F-15D Eagles တိုက်လေယာဉ်များ၊ F-15E Strike Eagles တိုက်လေယာဉ်များ၊ KC-135 Stratotankers ဝေဟင်ဆီဖြည့်လေယာဉ်များပါ မောင်းနှင်ပျံသန်းသွားကြသည်။
ဗြိတိန်လေတပ်မှ B1-B ဗုံးကြဲလေယာဉ်လေးစင်းသည် ဗြိတိန်နိုင်ငံဖဲဖို့ဒ်မြို့ပြင်ဘက်တွင် လည်ပတ်လှုပ်ရှား နေပြီး ဗြိတိန်နိုင်ငံကော့စ်ဝဲလ်စ်လေတပ်အခြေစိုက်စခန်းအပြင်ဘက်မှ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ ဝန်း ကျင်တွင် ထွက်ခွာလာခဲ့သည်။
ယင်းလေတပ်တပ်ဖွဲ့သည် သမရိုးကျလက်နက်များ၊ ပစ်မှတ်ကိုတိကျစွာပစ်ခတ်နိုင်သောလက်နက်များနှင့်အတူ အသံထက်မြန်သော supersonic နှင့် အသံထက်ထက်ဝက်မြန်သော sub-supersonic စွမ်းရည်ရှိ လက်နက် များကိုပိုင်ဆိုင်ထားသည့် တပ်ဖွဲ့ကြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုလေတပ်ကပြောသည်။
“မဟာမိတ်အဖွဲ့နဲ့အတူပူးပေါင်းထားပြီး ဝေဟင်၊ မြေပြင်၊ ရေပြင်မှာရှိတဲ့ ပစ်မှတ်တွေကို ချေမှုန်းတိုက်ခိုက်နိုင်တဲ့ ကျွန်တော်တို့ လေတပ်အဖွဲ့ကြီးရဲ့စွမ်းရည်ဟာ တခြားအဖွဲ့တွေထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ စွမ်းရည်ဖြစ်ပါ တယ်။ ဥရောပစစ်နယ်ဝန်းမှာ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ လက်နက်တွေနဲ့အတူ အစွမ်းထက်လှ တဲ့ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ပေါင်းစပ်ထားမှုဟာ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ရင်ဆိုင်တုံ့ပြန်နိုင်တဲ့အစွမ်း အစရှိတဲ့ တပ်ဖွဲ့ကြီးဖြစ်ပါတယ်။” ဟု ဥရောပဒေသအမေရိကန်လေတပ်မှ Air Forces Africa အကြီးအကဲ ဂျက်ဖ်ဟာရစ်ဂျီယန်ကပြောသည်။
ဥရောပစစ်နယ်ဝန်းနှင့် အာဖရိကစစ်နယ်ဝန်းတို့တွင် ၂၀၀၈ ခုနှစ် စစ်ဆင်ရေးများ စတင်ကတည်းက အမေရိ ကန်၏ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်သုံးမျိုးစလုံးမှာ အလှည့်ကျတာဝန်ထမ်းဆောင်နေကြသည်။ ယင်း ဗုံးကြဲလေယာဉ်သုံးမျိုးမှာ B2 Stealth ဗုံးကြဲလေယာဉ်၊ B-1B supersonic ဗုံးကြဲလေယာဉ်နှင့် B-52 strategic ဗုံးကြဲလေယာဉ်တို့ဖြစ်သည်။
ဗုံးကြဲလေယာဉ်တပ်ဖွဲ့မှာ ရင်းနှီးကျွမ်းဝင်မှုမရှိသောလေယာဉ်ကွင်းများတွင် ချက်ချင်းတပ်ဖြန့်ချထားနိုင်ပြီး နေ တိုးမဟာမိတ်တပ်ဖွဲ့ဝင်များ၊ ညွန့်ပေါင်းတပ်ဖွဲ့ဝင်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်သည်ကို စစ်ဆင်ရေးပေါင်း များစွာက သက်သေပြခဲ့ပြီးဖြစ်ကြောင်း အမေရိကန်လေတပ်ကပြောသည်။
ဗြိတိန်တော်ဝင်လေတပ်မှ B-1B ဗုံးကြဲလေယာဉ်များသည် အာတိတ်ဒေသ၊ ဥရောပအရှေ့ဘက်ဒေသနှင့် ပင် လယ်နက်ကောင်းကင်ယံတို့တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် ပါဝင်ဆင်နွှဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Ref: USAF B-52s join B1-B bombers and the RAF in massive show of military might over North Sea
#PeopleMedia
(unicode)
……………………………………………………………
Ref: USAF B-52s join B1-B bombers and the RAF in massive show of military might over North Sea
#PeopleMedia