မြောက်ဥက္ကလာပမြို့နယ်ရှိ ဆိုင်ခန်း (၆) တွင် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိ

PUBLISHED - February 20, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာလက်လီ/လက်ကားဈေး၊ ဈေးရုံအမှတ်(S)၊ ဆိုင်ခန်း(၆) တွင် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက် ည ၁၁ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များမှ သတင်းရရှိသောကြောင့် ထိုဆိုင်ခန်း အတွင်းဝင်ရောက်ရှာဖွေရတွင် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ရှာဖွေတွေ့ရှိသည့် ပစ္စည်းများမှာ လက်လုပ်ဗုံး ၁ လုံး၊ C4 ယမ်း ၃၃ ချောင်း၊ ပိုတက်စီယမ်ကလိုရိုက်မှုန့် ၁၀၅ ကီလိုဂရမ်၊ လက်လုပ်ယမ်းမှုန့် ၅ ကီလိုဂရမ်၊ မီးရှိယမ်းကြိုး ၂ ခွေ၊ Receiver ၃၀ ခု၊ သံဘောစိ ၃၀ ဘူး၊ ဆား ကစ်စုံ ၂ ဘူး၊ မီးရှိ ဒီတိုနေတာ ၄၀၀ ခု၊ လျှပ်စစ်ဒီတိုနေတာ ၄ ခု၊ မီးရှိစနက်တံ ၁၅ ခု၊ ရီမု ၁၅ ခု၊ Keypad ဖုန်း ၆ လုံး၊ ဓာတ်ခဲမျိုးစုံ ၂၃ လုံး၊ ခလုတ်အသေး ၁၅ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရပါတယ်။
Photo – Credit
#PeopleMedia
(unicode)
…………………………………
Photo – Credit
#PeopleMedia