• Follow Us on
Latest News

Home မြောက်ဥက္ကလာမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ရာအိမ်မှူးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

မြောက်ဥက္ကလာမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ရာအိမ်မှူးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ္ဌ)ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဆိုင်ကယ်စီး လာသည့် ရာအိမ်မှူးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။

 

(ဋ္ဌ)ရပ်ကွက်၏ ရာအိမ်မှူးဖြစ်သူ ဦးစိုးစိုးသည် ရုံးမှနေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သဇင်လမ်းမကြီး သဇင် ၁ လမ်းအရောက်တွင် အမည်မသိအမျိုးသား ၂ ဦးက  သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ရုံးကနေ အိမ်ကို ဆိုင်ကယ်နဲ့ပြန်တာ သဇင် ၁ လမ်းနားမှာ အပစ်ခံရ။ ရာအိမ်မှူးကတော့ မသေပါဘူး။ ဆေးရုံ ကားတွေရောက်လာပြီးတော့ အပစ်ခံရတဲ့ အုပ်ချုပ်ရေးမှူးကို သယ်သွားတာကိုတွေ့လိုက်ရတယ်” ဟု ရပ်ကွက် တွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မကြာခဏ အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် အပစ်မဲ့အရပ်သား ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များဖြစ်ပေါ်နေလျက်ရှိပါတယ်။

 

#PeopleMedia #မြောက်ဥက္ကလာ #လုပ်ကြံသတ်ဖြတ်မှု #ရာအိမ်မှူး

 

(unicode)


………………………………………………………………

 


 


 


 


 


 

#PeopleMedia #မွောကျဥက်ကလာ #လုပျကွံသတျဖွတျမှု #ရာအိမျမှူး


Share this post