• Follow Us on
Latest News

Home မြောင်မြို့နယ်ရဲစခန်းမှ ကျောက်ရစ်ရဲစခန်းသို့ ပစ္စည်းပေးပို့သည့်ပစ္စည်းများကို မြောင်မြို့နယ်(CDSOM)အဖွဲ့မှ သိမ်းဆည်း

မြောင်မြို့နယ်ရဲစခန်းမှ ကျောက်ရစ်ရဲစခန်းသို့ ပစ္စည်းပေးပို့သည့်ပစ္စည်းများကို မြောင်မြို့နယ်(CDSOM)အဖွဲ့မှ သိမ်းဆည်း

Share this post

မြောင်၊ ဒီဇင်ဘာ ၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်ရဲစခန်းမှ ကျောက်ရစ်ရဲစခန်းသို့ ပစ္စည်းပေးပို့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်၏ ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို တားဆီးပြီး ယာဉ်ပေါ်ပါလာသည့်ပစ္စည်းများကို သိမ်း ဆည်းလိုက်ကြောင်း မြောင်မြို့နယ် PDF အဖွဲ့တစ်ခုဖြစ်သည့် (CDSOM)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မြောင်ရဲစခန်းမှ ကျောက်ရစ်ရဲစခန်းသို့ သွားနေသည့် မသင်္ကာဖွယ် ပြည်သူ့ကား အသွင်ပြောင်းထားသော ကားတစ်စီးအား CDSOM အဖွဲ့မှ စစ်ဆေးခဲ့ရာ သေတ္တာ (၆)လုံးဖြင့် ထုတ်ပိုး သယ်ဆောင်ထားသည့် ရဲအသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်းများ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးသိမ်းဆည်းလိုက်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

 

အဆိုပါ ကားအတွင်း၌ သေတ္တာ(၆)လုံး၊ ပလပ်စတစ်ပုံး(၂)ပုံး၊ အိတ်(၁)လုံးနှင့် ထိုပုံးများအတွင်း၌ ရဲယူနီ ဖောင်းများ၊ ဖုန်းများနှင့် တခြားအသုံးအဆောင်များကိုပါ သိမ်းဆည်းခဲ့ပြီးနောက် ကားသမားနှစ်ဦးကို ပြန်လွှတ် ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

#PeopleMedia #မြောင်မြို့နယ်PDFအဖွဲ့

 

(unicode)


………………………………………………………

 


 


 


 


 



Share this post