မြောင်မြို့နယ်၊ ကျောက်ဖူးကုန်းကျေးရွာ တိုက်ပွဲ၌ ဒေသခံ PDF အဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရဟုဆို

PUBLISHED - November 15, 2021
စစ်ကိုင်း၊ နိုဝင်ဘာ ၁၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်ဖူးကုန်းကျေးရွာ တိုက်ပွဲ၌ ဒေသခံ PDF အဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံပြည်သူအချို့၏ ပြောဆိုချက်အရ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြောင်မြို့နယ် ကျောက်ဖူးကုန်းကျေးရွာ၌ လုံခြုံရေးအဖွဲ့ဝင်များနှင့် ဒေသခံ PDF အဖွဲ့တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ပြီး PDF အဖွဲ့ဝင် ၆ ဦး အဖမ်းခံခဲ့ရတာဖြစ် တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ နယ်နိမိတ် ထိစပ်သည့်နေရာများ၌ ဒေသခံ PDF အဖွဲ့များ အားကောင်းနေတယ်လို့ သိရပါတယ်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲကင်းစခန်းကို ဒေသခံ PDF များက စုဖွဲ့ပြီး ဝင် ရောက်တိုက်ခိုက်ခဲ့ပါတယ်။
#PeopleMedia #ရေစကြိုမြို့
(unicode)
………………………………………………………