မြောင်မြို့ ဆူးလေးကုန်ကျေးရွာနေ ဖြိုးဇာတိမော်ကို သုတ်သင်ခဲ့ပြီး အလောင်းပါယူဆောင်ခဲ့ကြောင်း နှလုံးလှ လူမိုက်ကြီးအဖွဲ့ ထုတ်ပြန်

PUBLISHED - September 3, 2021
နေပြည်တော်၊ စက်တင်ဘာ – ၃ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆူးလေးကုန်းကျေးရွာတွင်နေထိုင်သော ဖြိုးဇာတိမော်ကို သုတ်သင် ရှင်းခဲ့ပြီး၊ အလောင်းပါ ယူဆောင်လာခဲ့ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြိုးဇာတိမော်သည် ကျေးရွာလူထုအား စိန်ခေါ်ရမ်းကားရုံသာမက မဟုတ်မမှန်သော သတင်းများကို နစကထံ သွားရောက်သတင်းပို့လုပ်နေသောကြောင့် ကျေးရွာလူထု အေးချမ်းသာယာရေးအတွက် နှလုံးလှလူမိုက်ကြီး များအဖွဲ့မှ စက်တင်ဘာလ ၂ ရက် ည ၁၂ နာရီခန့်က သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ထို့နောက် ကျေးရွာလူထု မထိခိုက်စေရေးအတွက် အလောင်းပါ ယူဆောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်ရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များကို နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ လိုက်လံလုပ်ကြံချက်ရှိသည်။
#PeopleMedia #မြင်းခြံမြို့
(unicode)
…………………………………………………………………………