
PUBLISHED - March 16, 2020
ရန်ကုန်၊ မတ်-၁၅
(unicode)
မြေအောက် ပေ(၇၀၀)ခန့်၌ ပိတ်မိနေသည့် တွင်းလုပ်သား(၁၅)ဦးကို ကယ်ထုတ်နိုင်
………………………………………………………………………………..
ရန်ကုန်၊ မတ်-၁၅
ဖြစ်စဉ်မှာ မတ်(၁၄)ရက်၊ (၁၆ :၄၀) အချိန်ခန့်၌ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ ညောင်ပင်ကြီးရပ်၊ အုန်းပင်လူးကျင်းလုပ်ကွက် မြေအောက်အနက်(၇၀၀)ပေခန့်တွင် တွင်းလုပ်သား(၁၅)ဦးခန့် အောက်ဆီဂျင်ပြတ်တောက်၍ ပိတ်မိခဲ့သည်။
အဆိုပါ ဖြစ်စဉ်အပေါ် လယ်ဦးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ Mogok Rescue နှင့် ဒေသခံကျွမ်းကျင်တွင်းလုပ်သားတို့ဖြင့်ပူးပေါင်း၍ ပိတ်မိနေသော တွင်းလုပ်သား(၁၅)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါသည်။
#Peoplemedia #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့