ကြေးစားတပ်တွေ အလွန်အကျွံအင်အားကြီးထွားလာမှာစိုးရိမ်တဲ့အတွက် ယူကရိန်းမှာရှိနေတဲ့ ဝဂ္ဂနာ ကြေးစားတပ်တွေကို ရုရှားအစိုးရက ပြန်လည်ရုပ်သိမ်းမည်

PUBLISHED - February 14, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄
ရုရှားအစိုးရအနေနဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့တွေ အင်အားအလွန်အကျွံကြီးထွားလာမှာစိုးရိမ်တဲ့အတွက် ယူကရိန်း နိုင်ငံထဲမှာ ဝဂ္ဂနတပ်တွေရဲ့ စစ်ဆင်ရေးတွေလျှော့ချထားဖို့ အမိန့်ပေးထားပြီး အဲဒီတပ်တွေကို ပြန်ဆွဲထုတ်ဖို့ စီ စဉ်နေတယ်လို့ Daily Mirror သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကျဉ်းသားတွေကနေ ကြေးစားစစ်သားအဖြစ်လိုက် ပါလာသူအများစုပါဝင်တဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင် ၅၀,၀၀၀ ဝန်းကျင်က အဓိကတိုက်ပွဲဝင်နေကြတာဖြစ်တယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ ဝဂ္ဂနာကြေးစားတပ်ကိုတည်ထောင်သူ ယက်ဗ်ဂနီပရီဂိုဇင်က အကျဉ်းထောင်တွေထဲမှာ တပ်သားသစ်စု ဆောင်းနေတာတွေကို ရပ်တန့်လိုက်ပြီး သီတင်းအနည်းငယ်အတွင်းမှာပဲ ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုပ် သိမ်းတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အဲဒီဝဂ္ဂနာတပ်ဖွဲ့ဝင်တွေနေရာကို ရုရှားအစိုးရဆင့်ခေါ်ထားတဲ့ ရုရှားအမြဲတမ်းတပ်မတော်က တပ်ဖွဲ့ဝင်အင်အား ၃၀၀,၀၀၀ ထဲက အင်အားတချို့နဲ့ အစားထိုးတာဝန်ပေးအပ်သွားမယ်လို့ မျှော်လင့်ထားကြပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းနေရာအတွက် စိုးရိမ်ပူပန်မှုတွေမြင့်တက်လာပြီးနောက်ပိုင်းမှာ ဝဂ္ဂနာတပ် တွေကို ရုပ်သိမ်းဖို့ အမိန့်ပေးခဲ့တာလို့ ဆိုပါတယ်။
သမ္မတပူတင်ရဲ့မဟာမိတ်တွေလို့ပြောဆိုနေကြပေမဲ့ ပရီဂိုဇင်နဲ့ ချေချင်းခေါင်းဆောင်ရမ်ဇမ်ကာဒီရက်ဗ်တို့ နှစ် ဦးစလုံးဟာ ဒေသတွင်းမှာ စစ်အင်အားကောင်းလာတဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။
အဲဒီစစ်ခေါင်းဆောင်နှစ်ဦးနဲ့ မကြာသေးခင်က ရာထူးကဖြုတ်ချခံလိုက်ရတဲ့ ရုရှားဗိုလ်ချုပ်ကြီး ဆာဂျီဆာရိုဗီကင် တို့ပေါင်းလိုက်တဲ့အချိန်မှာ ပူတင်ကိုဆန့်ကျင်မယ့်သူတွေအဖြစ် အားလုံးကို သံသယထားနေတယ်လို့ဆိုပါ တယ်။
“သမ္မတပူတင်နဲ့ ယက်ဗ်ဂနီပရီဂိုဇင်တို့ဟာ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး နှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်လာ သူတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရုရှားတပ်မတော်ထဲက ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို မမျှမတဆက်ဆံတာ တွေကို ပရီဂိုဇင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ ရုရှားအမြဲတမ်းတပ်မတော်နဲ့ တပ်ခေါင်းဆောင်တွေကိုအ ခုလိုဝေဖန်တာဟာ ပူတင်ကိုဆန့်ကျင်သလိုဖြစ်နေပြီး ပူတင်က အခု သူ့ကို ပြိုင်ဘက်အဖြစ် ရှုမြင်နေပါတယ်။” လို့ ရုရှားရေးရာကျွမ်းကျင်သူ ဘရုစ်ဂျုံးက Daily Mirror ကို ပြောပါတယ်။
ယူကရိန်းနိုင်ငံတစ်ဝန်း ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခြင်းအားဖြင့် ရုရှားတပ်တွေရဲ့နွေဦးထိုးစစ်ကို မျှော်မှန်းထားတဲ့အချိန်ထက်စောပြီး စတင်လိုက်ပြီလို့ ယူဆဖွယ်ရာရှိပါတယ်။
ရုရှားတပ်တွေဟာ အမြောက်တွေပြင်းပြင်းထန်ထန်ပစ်ခတ်နေသလို ခြေလျင်တပ်တွေနဲ့လည်း ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့အတွက် ဒွန်းညက်ဒေသ ဘတ်မတ်မြို့အပြင်ဘက်မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
Ref: Vladimir Putin pulls Wagner Group troops from Ukraine as Kremlin ‘fears coup’
#PeopleMedia
(unicode)
……………………………………………
Ref: Vladimir Putin pulls Wagner Group troops from Ukraine as Kremlin ‘fears coup’
#PeopleMedia