ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ခဲ့ေသာေနရာမ်ားတြင္ ေ႐ြးေကာက္ပြဲက်င္းပေရး ျမန္မာႏိုင္ငံကို ၿဗိတိန္တိုက္တြန္း

PUBLISHED - November 11, 2020
လန္ဒန္၊ ႏို၀င္ဘာ ၁၁
ႏိုင္ငံသားျဖစ္ခြင့္ဥပေဒျပင္ဆင္ရန္ႏွင့္ တနဂၤေႏြေန႔ကေ႐ြးေကာက္ပြဲမက်င္းပႏိုင္ခဲ့သည့္ ရခိုင္ျပည္နယ္မွ ေနရာမ်ားႏွင့္အျခားေနရာမ်ားတြင္ ေ႐ြးေကာက္ပြဲက်င္းပရန္ ၿဗိတိန္ႏိုင္ငံကတိုက္တြန္းသည္။
၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲသည္ ျမန္မာႏိုင္ငံ၏စစ္အာဏာ႐ွင္အုပ္ခ်ဳပ္မႈမွ ဒီမိုကေရစီအသြင္ကူး ေျပာင္းရာတြင္ သိသာထင္႐ွားသည့္မိုင္တိုင္တခုျဖစ္ေၾကာင္း ႏိုင္ငံျခားေရး၊ ဓနသဟာယႏိုင္ငံမ်ားႏွင့္ ဖြံ႔ၿဖိဳးမႈ႐ံုး၀န္ႀကီး နီဂယ္ အဒမ္က တနလၤာေန႔ထုတ္ျပန္ခ်က္တြင္ေျပာသည္။
သို႔ေသာ္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားႏွင့္ အျခားလူနည္းစုမ်ားကို ေနာက္တႀကိမ္ မဲေပး ခြင့္မေပးသျဖင့္ စိတ္ပ်က္မိေၾကာင္းလည္းေျပာသည္။
ရခိုင္ျပည္နယ္တြင္ ဘဂၤါလီ ၆ သိန္းခန္႔ေနထိုင္ၾကၿပီး ၂၀၁၇ ခုႏွစ္က ဘဂၤလားေဒ့႐ွ္သို႔ ၇၅၀၀၀၀ ခန္႔ ထြက္ေျပးခဲ့သည္။
ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ေနရာမ်ားတြင္ အေစာဆံုးအခြင့္အေရးအေနျဖင့္ လြတ္လပ္မွ်တေသာ ေ႐ြး ေကာက္ပြဲမ်ားက်င္းပရန္လည္း ျမန္မာအာဏာပိုင္မ်ားကို နီဂယ္ကတိုက္တြန္းသည္။
ႏို၀င္ဘာ ၈ ရက္ ျမန္မာေ႐ြးေကာက္ပြဲတြင္ ဘဂၤါလီမ်ားမဲေပးခြင့္မရျခင္းအတြက္ ႐ွဳတ္ခ်ရန္ ႏိုင္ငံတကာ အသိုက္အ၀န္းကို Fortify Rights လူ႔အခြင့္အေရးအဖြဲ႔ကေတာင္းဆိုသည္။
Ref : Myanmar Election: UK unhappy at exclusion of Rohingyas
#PeopleMedia
(unicode)
ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သောနေရာများတွင် ရွေးကောက်ပွဲကျင်းပရေး မြန်မာနိုင်ငံကို ဗြိတိန်တိုက်တွန်း
…………………………………………………….
လန်ဒန်၊ နိုဝင်ဘာ ၁၁
နိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ရန်နှင့် တနင်္ဂနွေနေ့ကရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်မှ နေရာများနှင့်အခြားနေရာများတွင် ရွေးကောက်ပွဲကျင်းပရန် ဗြိတိန်နိုင်ငံကတိုက်တွန်းသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏စစ်အာဏာရှင်အုပ်ချုပ်မှုမှ ဒီမိုကရေစီအသွင်ကူး ပြောင်းရာတွင် သိသာထင်ရှားသည့်မိုင်တိုင်တခုဖြစ်ကြောင်း နိုင်ငံခြားရေး၊ ဓနသဟာယနိုင်ငံများနှင့် ဖွံ့ဖြိုးမှုရုံးဝန်ကြီး နီဂယ် အဒမ်က တနင်္လာနေ့ထုတ်ပြန်ချက်တွင်ပြောသည်။
သို့သော် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များနှင့် အခြားလူနည်းစုများကို နောက်တကြိမ် မဲပေး ခွင့်မပေးသဖြင့် စိတ်ပျက်မိကြောင်းလည်းပြောသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ၆ သိန်းခန့်နေထိုင်ကြပြီး ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်သို့ ၇၅၀၀၀၀ ခန့် ထွက်ပြေးခဲ့သည်။
ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာများတွင် အစောဆုံးအခွင့်အရေးအနေဖြင့် လွတ်လပ်မျှတသော ရွေး ကောက်ပွဲများကျင်းပရန်လည်း မြန်မာအာဏာပိုင်များကို နီဂယ်ကတိုက်တွန်းသည်။
နိုဝင်ဘာ ၈ ရက် မြန်မာရွေးကောက်ပွဲတွင် ဘင်္ဂါလီများမဲပေးခွင့်မရခြင်းအတွက် ရှုတ်ချရန် နိုင်ငံတကာ အသိုက်အဝန်းကို Fortify Rights လူ့အခွင့်အရေးအဖွဲ့ကတောင်းဆိုသည်။
Ref : Myanmar Election: UK unhappy at exclusion of Rohingyas
#PeopleMedia