ရွေးကောက်ပွဲအတွက် လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ကြေညာ
PUBLISHED - February 22, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မေလမှာ ကျင်းပသွားမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မတ်လအစောပိုင်းမှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိအစိုးရသက်တမ်း လေးနှစ်ဟာ မတ်လ ၂၃ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ယင်းမတိုင်မီ အောက် လွှတ်တော်ကို ဖျက်သိမ်းဖို့ အကြံပြုခဲ့တာဖြစ်ပါတယ်။
မေလ (၇) ရက်နေ့ကို ရွေးကောက်ပွဲကျင်းပမယ့်ရက်အဖြစ် သတ်မှတ်ထားပေမယ့် အသေးစိတ်အချက် အလက်တွေကိုတော့ ဝန်ကြီးချုပ်က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
၂၀၁၄ ခုနှစ်ကတည်းက အာဏာရယူခဲ့တဲ့ ပရာယွတ်ဟာ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေပြီး နောက်ထပ် သက်တမ်းတစ်ခုရယူဖို့ ကြိုးပမ်းနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေမယ့် ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံပြု Palang Pracharath ပါတီအတွက် ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်ခဲ့ ပါတယ်။
အခုနှစ်အတွက် ပါတီသစ်တစ်ခုဖြစ်တဲ့ Ruam Thai Sang Chart ပါတီကို ဝင်ရောက်ခဲ့ပြီး ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်ပေးထားပါတယ်။
ပရာယွတ်ဟာ တရားရုံးတွေက ၂၀၂၂ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှစ်နှစ်ကန့်သတ်မှု အောက်မှာ နောက်ထပ်နှစ်နှစ်သာ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပဖြစ်မယ်ဆိုပါက ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လဆန်းပိုင်းမှာ အတည်ပြုပေးသွားမယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီနောက် ပါလီမန်အစည်းအဝေးသစ်ကို ဇူလိုင်လလယ်ပိုင်းမှာ ခေါ်ယူကာ သဘာပတိကို ခန့်အပ်သွားမှာ ဖြစ်ပြီး ဝန်ကြီးချုပ်သစ်ကို လကုန်ပိုင်းမှာ ရွေးချယ်သွားမယ်လို့ မျှော်လင့်ရပါတယ်။
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ဖျက်သိမ်းပြီး ၄၅ ရက် အတွင်း ရွေးကောက်ပွဲကို ကျင်းပရမှာ ဖြစ်ပါတယ် ဒါပေမယ့် အစိုးရသက်တမ်းမကုန်မီ လွှတ်တော်ကို ဖျက်သိမ်းလိုက်တဲ့အတွက် တရားဝင် မယ်ဆွယ်ကာလ ရက်ပေါင်း ၄၅-၆၀ ရရှိမှာဖြစ်ပါတယ်။
Ref; Prayuth says Thailand parliament to be dissolved in ‘early March’
#PeopleMedia
(unicode)
……………………………………………….
Ref; Prayuth says Thailand parliament to be dissolved in ‘early March’
#PeopleMedia