ေ႐ြးေကာက္ပြဲအႏုိင္မရခဲ့ပါက ၿငိမ္းခ်မ္းေသာအာဏာလႊဲေျပာင္းမႈျဖစ္မည္ဟု ထရမ့္ကတိမျပဳ

PUBLISHED - September 24, 2020
၀ါ႐ွင္တန္၊ စက္တင္ဘာ ၂၄
ႏို၀င္ဘာတြင္က်င္းပမည့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ အႏိုင္မရခဲ့ပါက ၿငိမ္းခ်မ္းေသာအာဏာ လႊဲေျပာင္းမႈျဖစ္မည္ဟု ကတိမျပဳႏိုင္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကေျပာသည္။
စာတိုက္မွမဲေပးျခင္းကို သံသယ႐ွိေၾကာင္းထပ္ေျပာၿပီး ေ႐ြးေကာက္ပြဲရလဒ္သည္ အေမရိကန္တရား႐ံုးခ်ဳပ္တြင္ အဆံုးသတ္ႏိုင္သည္ဟုယံုၾကည္္ေၾကာင္းလည္း မစၥတာ ထရမ့္ကေျပာသည္။
စာတိုက္မွမဲေပးျခင္းကို ျပည္နယ္အမ်ားအျပားက အားေပးေနၾကၿပီး ထိုသို႔မဲေပးပါက အေမရိကန္ႏုိင္ငံသားမ်ား ကို႐ိုနာဗိုင္းရပ္စ္ေဘးမွကင္းေ၀းမည္ဟုေျပာသည္။
၂၀၁၆ ခုႏွစ္ကလည္း ရီပတ္ဘလစ္ကန္သမၼတထရမ့္က ဒီမိုကရက္ၿပိဳင္ဘက္ ဟီလာရီ ကလင္တန္ ႏွင့္ယွဥ္ၿပိဳင္ရာတြင္ မဲရလဒ္မ်ားကိုလက္ခံရန္ျငင္းဆိုခဲ့ၿပီး မစၥ ကလင္တန္က ထိုလုပ္ရပ္သည္ ဒီမိုကေရစီအေပၚတြင္ တိုက္ခိုက္မႈဟုေ၀ဖန္ခဲ့သည္။
ေနာက္ဆံုးတြင္ မဲရလဒ္မ်ားအရ ထရမ့္အႏိုင္ရခဲ့ေသာ္လည္း မဲအေရအတြက္ ၃ သန္းေက်ာ္ နည္းခဲ့သျဖင့္ ထရမ့္က ယခုအထိ ေမးခြန္းထုတ္ေနသည္။
Ref : US election: Trump won’t commit to peaceful transfer of power
#PeopleMedia
(Unicode)
ရွေးကောက်ပွဲအနိုင်မရခဲ့ပါက ငြိမ်းချမ်းသောအာဏာလွှဲပြောင်းမှုဖြစ်မည်ဟု ထရမ့်ကတိမပြု
…………………………………………………
၀ါရှင်တန်၊ စက်တင်ဘာ ၂၄
နိုဝင်ဘာတွင်ကျင်းပမည့်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်မရခဲ့ပါက ငြိမ်းချမ်းသောအာဏာ လွှဲပြောင်းမှုဖြစ်မည်ဟု ကတိမပြုနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြောသည်။
စာတိုက်မှမဲပေးခြင်းကို သံသယရှိကြောင်းထပ်ပြောပြီး ရွေးကောက်ပွဲရလဒ်သည် အမေရိကန်တရားရုံးချုပ်တွင် အဆုံးသတ်နိုင်သည်ဟုယုံကြည််ကြောင်းလည်း မစ္စတာ ထရမ့်ကပြောသည်။
စာတိုက်မှမဲပေးခြင်းကို ပြည်နယ်အများအပြားက အားပေးနေကြပြီး ထိုသို့မဲပေးပါက အမေရိကန်နိုင်ငံသားများ ကိုရိုနာဗိုင်းရပ်စ်ဘေးမှကင်းဝေးမည်ဟုပြောသည်။
၂၀၁၆ ခုနှစ်ကလည်း ရီပတ်ဘလစ်ကန်သမ္မတထရမ့်က ဒီမိုကရက်ပြိုင်ဘက် ဟီလာရီ ကလင်တန် နှင့်ယှဉ်ပြိုင်ရာတွင် မဲရလဒ်များကိုလက်ခံရန်ငြင်းဆိုခဲ့ပြီး မစ္စ ကလင်တန်က ထိုလုပ်ရပ်သည် ဒီမိုကရေစီအပေါ်တွင် တိုက်ခိုက်မှုဟုဝေဖန်ခဲ့သည်။
နောက်ဆုံးတွင် မဲရလဒ်များအရ ထရမ့်အနိုင်ရခဲ့သော်လည်း မဲအရေအတွက် ၃ သန်းကျော် နည်းခဲ့သဖြင့် ထရမ့်က ယခုအထိ မေးခွန်းထုတ်နေသည်။
Ref : US election: Trump won’t commit to peaceful transfer of power
#PeopleMedia