ရွှေတစ်ကျပ်သား (၂၇) သိန်း (၉) သောင်းဖြင့် ရောင်းချရန် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း မေတ္တာရပ်ခံ
PUBLISHED - February 23, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားကို ၂၇ သိန်း ၉ သောင်းကျပ်ဖြင့် ရောင်းချရန် ရွှေဆိုင်များအား ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ မေတ္တာရပ်ခံပန်ကြားခြင်း ထုတ်ပြန်လိုက်သည်။
ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ လမ်းညွန်ချက်အရ မီးလေ အခေါက်ရွှေအား တစ်ကျပ်သားလျှင် ၂၇ သိန်း ၉ သောင်းကျပ်ဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်များ အားလုံး တပြေးညီရောင်းချပေးရန် မေတ္တာရပ်ခံပန်ကြားအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၃၀ ရက်တွင်လည်း အကယ်ဒမီမီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၅ သိန်း ၃ သောင်းကျပ်နှုန်းဖြင့်သာ ရောင်းချရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ မေတ္တာ ရပ်ခံခဲ့သေးသည်။
#PeopleMedia
(unicode)
………………………………………………..
#PeopleMedia