ရွှေဘိုမြို့နယ်တွင် တပ်မတော်ထုတ်ဟုဆိုကာ Adman Gold ဘီယာဖာ (၇၀) အား PDF များ ဖျက်ဆီးပစ်
PUBLISHED - June 28, 2022
ရန်ကုန်၊ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် Light Truck ယာဉ်ဖြင့် သယ်ဆောင်လာသည့် Adman Gold ဘီယာဖာ (၇၀) အား တပ်မတော်ထုတ်ဟုဆိုကာ PDF ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဖမ်းဆီးကာ ဖျက်ဆီးပစ်ခဲ့ကြောင်း SNAKE EYES PDF မှ ထုတ်ပြန်ထားသည်။
ရွှေဘိုမြို့နယ်တွင် တပ်မတော်ထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀) အား အချိုရည်ဖာများ ကဲ့သို့ အသွင်ဖျက်၍ တင်ဆောင်မောင်းနှင်လာသော Light Truck အမျိုးအစားယာဉ်တစ်စီးကို PDF ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၃)၊ SNAKE EYES LDF၊ C&T SHWEBO LDF နှင့် မဟာမိတ်အဖွဲ့အစည်းများ၊ ဒေသခံ (ပ.က.ဖ) အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် ယာဉ်မောင်းအား နောက်နောင်သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်းမပြုရန် သတိပေး၍ ယာဉ်နှင့်တပါတည်း ပြန်လည်လွှတ်ပေးခဲ့ပြီး၊ သယ်ဆောင်လာသော Adman Gold ဘီယာဖာ (၇၀) အား သတိပေးချက်အနေဖြင့် ဖျက်ဆီးပစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကုန်သည်များ တင်ဆောင်လာသည့် အရက်၊ ဘီယာများကို PDF များမှ တပ်မတော်ထုတ်ကုန်ဟုဆိုကာ မကြာ ခဏ ဖမ်းဆီးကာ ဖျက်ဆီးနေမှုများကြောင့် ဝေဖန်မှုများလည်း ထွက်ပေါ်နေလျက်ရှိသည်။
#PeopleMedia
(unicode)
……………………………….
#PeopleMedia