ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ လုံခြုံရေးအဖွဲ့နှင့် PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF အဖွဲ့ဝင် ၁၅ ဦး သေဆုံး

PUBLISHED - February 25, 2022
ရွှေဘို၊ ဖေဖော်ဝါရီ ၂၅ (People Media)
ယနေ့ နံနက် ၆ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ လုံခြုံရေးအဖွဲ့နှင့် PDF တို့ တိုက်ပွဲဖြစ်ပေါ်ခဲ့သည်။
တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင် ၁၅ လောင်း၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁၀ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းကျည် ၇ တောင့်၊ လက်လုပ်တစ်တောင့်ထိုးသေ နတ်ကျည် ၄၅ တောင့်၊ PEOPLE DEFENCE FORCE GALON PDF တံဆိပ်ပါကပ်ခွာ ၁ ခု တို့ကို လုံခြုံရေး အဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။
#PeopleMedia
(unicode)
………………………………………………………
#PeopleMedia