• Follow Us on
Latest News

Home “ရွှေပြည်စိုး” ခရီးသည်ယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်၌ မူးယစ်ဆေးပိုက်များ တပ်ဆင်ထားသူအား ဖမ်းဆီးရမိ

“ရွှေပြည်စိုး” ခရီးသည်ယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်၌ မူးယစ်ဆေးပိုက်များ တပ်ဆင်ထားသူအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်း၊ ငဖဲမြို့ရှိ ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးဂိတ်တွင် တာဝန်ရှိသူများမှ ခရီးသည်ယာဉ်အားရှာဖွေရာတွင် ခရီးသည်အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်၌ မူးယစ်ဆေးထိုးပိုက်များ တပ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖမ်းဆီးရမိကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၂၂ ရက် ၈ နာရီ ၃၀ အချိန်တွင် ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးဂိတ်မှ တာဝန်ရှိသူများမှ ခရီးသည်မော်တော်ယာဉ်များအား စစ်ဆေးရာတွင် မန္တလေးမှစစ်တွေသို့ မောင်းနှင်လာသည့် “ရွှေပြည်စိုး” ခရီးသည်ယာဉ်အား စစ်ဆေးရာတွင် မူးယစ်ဆေး ဝါးများခန္ဓာကိုယ်တွင်ဆေးထိုး ပိုက်များတပ်ဆင်ထား သည့်ခရီးသည် အောင်ဇော်မြင့်အား ဖမ်းဆီးရမိကြောင်း သိရပါတယ်။

 

အောင်ဇော်မြင့်၏ ဝတ်ဆင်ထားသော ဘောင်းဘီရှည်ခါးကြားထဲတွင် အပ်ချောင်းတပ်ဆင်ထားသည့်ပ လပ်စတစ်ဆေးထိုးပိုက်ချောင်း အသင့်ထည့်သွင်းထားသော ဘိန်းဖြူဟုယူဆရသည့် (ဖြူ/ဝါ) ကြားအမှုန့်အေ လးချိန်(ဝ.၁) ဂရမ်ခန့်စီပါသည့် ဆေးထိုးပိုက် (၂) ချောင်း၊ ပေါင်(ဝ.၂) ဂရမ်ခန့်နှင့် ဘိန်းဖြူမှုန့်များငြိတွယ် နေသည့် HANAKO စာတမ်းပါ 3ml/cc အပ်ချောင်းတပ်လျက်ပလပ်စတစ်ဆေး ထိုးပိုက်(၁) ချောင်း နှင့် အပ်မပါပလပ်စတစ်ဆေးထိုးပိုက်(၁) ချောင်းတို့အား သိမ်းဆည်းရမိကြောင်း သိရပါတယ်။

 

ထိုအမျိုးသားကို ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

#PeopleMedia

 

 

(unicode)


…………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post