ရွှေပြည်သာမြို့၌ နေအိမ်တစ်လုံးထဲ၌ ရွှေ့ပြောင်း ဘင်္ဂလီ ကျား/မ (၅၆) ဦး တွေ့ရှိ

PUBLISHED - January 15, 2022
ရန်ကုန်၊ ဇန်နဝါရီ ၁၅ (People Media)
ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲ၌ ရွှေ့ပြောင်းဘင်္ဂလီ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးအပါအဝင် စုစုပေါင်း ၅၆ ဦး တွေ့ရှိ ခဲ့ကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုသည်။
အဆိုပါ ဘင်္ဂလီများသည် နေအိမ်တစ်လုံးထဲ၌ နေထိုင်နေခြင်းဖြစ်ပြီး အိမ်ရှင်ကို စုံစမ်းနေကြောင်း တာဝန်ရှိသူ အချို့က အတည်ပြုသည်။
“သူတို့က အိမ်ဌားပြီး နေထိုင်နေတာ။ အိမ်ပိုင်ရှင်ကိုတော့ စုံစမ်းထားတယ်။ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄၉ ဦး။ အဲ့ထဲမှာ ကလေးတွေလည်းပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ အဆိုပါ ဘင်္ဂလီများကို ရွေပြည်သာမြို့နယ်ရှိ Q စင်တာသို့ ထားရှိထားပြီး ဥပဒေအရ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူအချို့က အတည်ပြုပြောဆိုသည်။
#PeopleMedia #ရွှေပြည်သာ #ဘင်္ဂလီ
(unicode)
…………………………………………………….