ေ႐ႊ႕ေျပာင္းလုပ္သားတ၀က္နီးပါး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စင္ကာပူအစိုးရထုတ္ျပန္

PUBLISHED - December 16, 2020
စင္ကာပူ၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ၿပီးခဲ့သည့္ ၉ လအတြင္း စင္ကာပူႏိုင္ငံ႐ွိေ႐ႊ႕ေျပာင္းလုပ္သားတ၀က္နီးနီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထား ရျခင္းေၾကာင့္ မအံ့ၾသမိေၾကာင္း အခြင့္အေရးအဖြဲ႔တခုကေျပာသည္။ အခ်က္အလက္သစ္မ်ားအရ ႏိုင္ငံျခားမွလုပ္သားအားလံုး၏ ၄၇ ရာခိုင္ႏႈန္းျဖစ္သည့္ ၁၅၂၀၀၀ ေယာက္ကူးစက္ခံထားရသည္။
ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကိုထည့္သြင္းေရတြက္ျခင္းမ႐ွိပါက စင္ကာပူႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၄၀၀၀ ေအာက္သာ႐ွိသည္။ လူအမ်ားအျပားက အခန္းတခန္းကိုေ၀မွ်သံုးရၿပီး လူႁပြတ္သိပ္ေနသည့္ အေဆာင္မ်ားတြင္ေနထိုင္သူအမ်ားစုပါ၀င္ၿပီး ဧၿပီလတြင္ ကူးစက္မႈမ်ားျမင့္တက္လာၿပီးေနာက္ သူတို႔ကို အျခားလူမ်ားႏွင့္ခြဲကာ အသြားအလာကန္႔သတ္ထားသည္။
ၿပီးခဲ့သည့္လမ်ားအတြင္း ေ႐ႊ႕ေျပာင္းလုပ္သားအေဆာင္မ်ားႏွင့္ႏိုင္ငံသားမ်ားတြင္ ကူးစက္မႈသုညနီးပါးက်ဆင္း ခဲ့ၿပီး ကန္႔သတ္မႈမ်ားကို ႏိုင္ငံသားမ်ားအတြက္ စင္ကာပူအစိုးရက ေျဖေလွ်ာ့ေပးခဲ့သည္။
သို႔ေသာ္ ေဆာက္လုပ္ေရးႏွင့္ထုတ္လုပ္ေရးက႑မ်ားတြင္အမ်ားစုလုပ္ကိုင္ၾကသည့္ ေတာင္အာ႐ွမွ လုပ္ခ လစာနည္းသည့္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကိုမူ လာမည့္ႏွစ္အထိ အသြားအလာကန္႔သတ္မႈမ်ား သတ္မွတ္ထားသည္။
ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို အက်ဥ္းသားမ်ားကဲ့သို႔ဆက္ဆံရန္ စင္ကာပူႏိုင္ငံတြင္ အက်ိဳးအေၾကာင္းျပျခင္းမ႐ွိ ေၾကာင္း ယာယီလုပ္သားမ်ားအားထည့္သြင္းစဥ္းစားေစေရး(TWC2)အဖြဲ႔မွ အဲလက္ ေအာ္ကေျပာသည္။
လက္႐ွိကူးစက္ထားျခင္း႐ွိ၊ မ႐ွိ စစ္ေဆးသည့္ PCR ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးမႈႏွင့္ ယခင္ကကူးစက္ဖူးျခင္း႐ွိ၊ မ႐ွိစစ္ေဆးသည့္ ေသြးေဖာက္စစ္ေဆးမႈတို႔ ၂ မ်ိဳးစလံုးျဖင့္စစ္ေဆးခဲ့ၿပီးေနာက္ ကူးစက္သူပမာဏတိုး လာျခင္းျဖစ္သည္။
စုစုေပါင္းပမာဏ ၁၅၂၀၀၀ ေယာက္သည္ စင္ကာပူ႐ွိေ႐ႊ႕ေျပာင္းလုပ္သား ၃၂၃၀၀၀ ၏တ၀က္နီးပါးျဖစ္သည္။
Ref : Covid-19: Singapore migrant workers infections were three times higher
#PeopleMedia
(unicode)
ရွှေ့ပြောင်းလုပ်သားတဝက်နီးပါး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စင်ကာပူအစိုးရထုတ်ပြန်
……………………………………………………….
စင်ကာပူ၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပြီးခဲ့သည့် ၉ လအတွင်း စင်ကာပူနိုင်ငံရှိရွှေ့ပြောင်းလုပ်သားတဝက်နီးနီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရခြင်းကြောင့် မအံ့သြမိကြောင်း အခွင့်အရေးအဖွဲ့တခုကပြောသည်။ အချက်အလက်သစ်များအရ နိုင်ငံခြားမှလုပ်သားအားလုံး၏ ၄၇ ရာခိုင်နှုန်းဖြစ်သည့် ၁၅၂၀၀၀ ယောက်ကူးစက်ခံထားရသည်။
ရွှေ့ပြောင်းလုပ်သားများကိုထည့်သွင်းရေတွက်ခြင်းမရှိပါက စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၄၀၀၀ အောက်သာရှိသည်။ လူအများအပြားက အခန်းတခန်းကိုဝေမျှသုံးရပြီး လူပြွတ်သိပ်နေသည့် အဆောင်များတွင်နေထိုင်သူအများစုပါဝင်ပြီး ဧပြီလတွင် ကူးစက်မှုများမြင့်တက်လာပြီးနောက် သူတို့ကို အခြားလူများနှင့်ခွဲကာ အသွားအလာကန့်သတ်ထားသည်။
ပြီးခဲ့သည့်လများအတွင်း ရွှေ့ပြောင်းလုပ်သားအဆောင်များနှင့်နိုင်ငံသားများတွင် ကူးစက်မှုသုညနီးပါးကျဆင်း ခဲ့ပြီး ကန့်သတ်မှုများကို နိုင်ငံသားများအတွက် စင်ကာပူအစိုးရက ဖြေလျှော့ပေးခဲ့သည်။
သို့သော် ဆောက်လုပ်ရေးနှင့်ထုတ်လုပ်ရေးကဏ္ဍများတွင်အများစုလုပ်ကိုင်ကြသည့် တောင်အာရှမှ လုပ်ခ လစာနည်းသည့်ရွှေ့ပြောင်းလုပ်သားများကိုမူ လာမည့်နှစ်အထိ အသွားအလာကန့်သတ်မှုများ သတ်မှတ်ထားသည်။
ရွှေ့ပြောင်းလုပ်သားများကို အကျဉ်းသားများကဲ့သို့ဆက်ဆံရန် စင်ကာပူနိုင်ငံတွင် အကျိုးအကြောင်းပြခြင်းမရှိ ကြောင်း ယာယီလုပ်သားများအားထည့်သွင်းစဉ်းစားစေရေး(TWC2)အဖွဲ့မှ အဲလက် အော်ကပြောသည်။
လက်ရှိကူးစက်ထားခြင်းရှိ၊ မရှိ စစ်ဆေးသည့် PCR ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုနှင့် ယခင်ကကူးစက်ဖူးခြင်းရှိ၊ မရှိစစ်ဆေးသည့် သွေးဖောက်စစ်ဆေးမှုတို့ ၂ မျိုးစလုံးဖြင့်စစ်ဆေးခဲ့ပြီးနောက် ကူးစက်သူပမာဏတိုး လာခြင်းဖြစ်သည်။
စုစုပေါင်းပမာဏ ၁၅၂၀၀၀ ယောက်သည် စင်ကာပူရှိရွှေ့ပြောင်းလုပ်သား ၃၂၃၀၀၀ ၏တဝက်နီးပါးဖြစ်သည်။
Ref : Covid-19: Singapore migrant workers infections were three times higher
#PeopleMedia