ရွှေ့ပြောင်းလုပ်သား ၃၅ ယောက်အပါအဝင် ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၁ ယောက်ထပ်တိုး

PUBLISHED - December 25, 2020
ဘန်ကောက်၊ ဒီဇင်ဘာ ၂၅
ထိုင်းတွင် သောကြာနေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၁ ယောက်ထပ်တိုးကြောင်း အစိုးရကထုတ် ပြန်သည်။
ပြည်တွင်းကူးစက်လူနာ ၃၇ ယောက်၊ ရွှေ့ပြောင်းလုပ်သား ၃၅ ယောက်နှင့် ပြည်ပပြန်အသွားအလာကန့် သတ်ထားသူ ၉ ယောက်တို့ပါဝင်သည်။
ထို့ကြောင့် အတည်ပြုလူနာ ၅၉၁၀ ယောက်ရှိလာပြီး သေဆုံးသူ ၆၀ ရှိနေသည်။
ဆာမွတ်ဆာခွန်မှရွှေ့ပြောင်းလုပ်သား ၈၈၁၀ ကို စစ်ဆေးထားပြီးဖြစ်ကြောင်းနှင့် ထိုထဲမှ ၁၃၀၈ ယောက်ကူး စက်ထားကြောင်း ထိုင်းအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာအခြေအနေကြီးကြပ်ကွပ်ကဲရေးဗဟိုဌာ နပြောခွင့်ရသူ ဒေါက်တာ တာဝီဆလစ် ဝိသာနုယိုဆင်ကပြောသည်။
ရွှေ့ပြောင်းလုပ်သားများထဲမှကူးစက်သူ ၅၀၀ ခန့်ကို ဆေးရုံသို့ပိုဆောင်ထားပြီး အချို့ကစိုးရိမ်ရသည့် အခြေအနေတွင်ရှိကာ ကျန်သူများကို အသွားအလာကန့်သတ်ထားခြင်းသာပြုလုပ်ထားကြောင်းလည်း ပြောသည်။
ဆာမွတ်ဆာခွန်ခရိုင်မှဒေသခံများအနေဖြင့် အစိုးရက အရေးပေါ်ဆေးရုံတည်ဆောက်နေခြင်းကို မဆန့်ကျင်ရန် လည်း သူက တောင်းဆိုသည်။
အတည်ပြုလူနာများအနက်မှ ၄၁၃၀ ယောက်သက်သာနေပြီး ၁၇၃၁ ယောက်ကို ကုသမှုပေးနေကြောင်းလည်း အသိပေးသည်။
Ref : 81 new Covid cases, including migrants
#PeopleMedia
(unicode)
………………………………………………..
Ref : 81 new Covid cases, including migrants
#PeopleMedia