ပြင်သစ်ကျောင်းများတွင် ကျောင်းသားများ ဖုန်းအသုံးပြုမှု ပိတ်ပင်
PUBLISHED - October 5, 2019
ပြင်သစ်နိုင်ငံမှာ ကျောင်းသားတွေကို ကျောင်းချိန်အတွင်း ဖုန်းအသုံးပြုခွင့်ပိတ်ပင်တဲ့ ဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
မူလနဲ့အလယ်တန်းကျောင်းတွေက အသက် ၁၅ နှစ်နဲ့ အထက် ကျောင်းသားတွေဟာ ထုတ်ပြန်လိုက်တဲ့ ဥပဒေအရ ဖုန်းတွေကို နေအိမ်မှာထားခဲ့ရမှာဖြစ်ပြီး ဒါမှမဟုတ် ကျောင်းချိန်မှာ ဖုန်းပိတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
အခုလို ပိတ်ပင်လိုက်တာက ကျောင်းသားတွေ ကျောင်းသင်ခန်းစာတွေကို ပိုပြီးအာရုံစိုက်နိုင်ဖို့နဲ့ လူမှုဆက်ဆံရေးပိုကောင်းလာစေဖို့၊ဆိုရှယ်မီဒီယာအသုံးပြုမှု လျှော့ချဖို့အတွက် ရည်ရွယ်ပြီး အွန်လိုင်းပေါ်က အနိုင်ကျင့်မှုနဲ့ ခိုးမှုတွေကို တားဆီးဖို့၊ကျောင်းတွင်း အကြမ်းဖက်မှုတွေကို တားဆီးဖို့အတွက်လည်းရည်ရွယ်တယ်လို့ ပြင်သစ်ပညာရေးဝန်ကြီးက ပြောပါတယ်။
ဗြိတိန်မှာတော့ လက်ရှိအချိန်ထိ ကျောင်းသားတွေ ကျောင်းချိန်အတွင်း ဖုန်းအသုံးပြုခွင့်ရှိမရှိကို ကျောင်းတွေက ဆုံးဖြတ်ပိုင်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် စစ်တမ်းကောက်ယူမှုတွေအရ ကျောင်းသားမိဘ ၅၉ ရာခိုင်နှုန်းလောက်က ကျောင်းသားတွေကို ကျောင်းချိန်အတွင်း ဖုန်းအသုံးပြုခွင့် မပေးသင့်ဘူးလို့ လက်ခံထားကြပါတယ်။
Ref; https://www.independent.co.uk