• Follow Us on

Home ျပည္ခိုင္ၿဖိဳးပါတီက ဆရာ၊ ဆရာမမ်ားအေပၚ တရားမဲ့မွားယြင္းစြပ္စြဲမႈႏွင့္ပတ္သက္ၿပီး အေရးယူေပးရန္ အေျခခံပညာေရး လုပ္သားမ်ားသမဂၢမွ UEC ႏွင့္ ပညာေရးႏွင့္သက္ဆိုင္သည့္ ၀န္ႀကီးဌာနထံ တိုင္ၾကား

ျပည္ခိုင္ၿဖိဳးပါတီက ဆရာ၊ ဆရာမမ်ားအေပၚ တရားမဲ့မွားယြင္းစြပ္စြဲမႈႏွင့္ပတ္သက္ၿပီး အေရးယူေပးရန္ အေျခခံပညာေရး လုပ္သားမ်ားသမဂၢမွ UEC ႏွင့္ ပညာေရးႏွင့္သက္ဆိုင္သည့္ ၀န္ႀကီးဌာနထံ တိုင္ၾကား

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၁၂
 
ျပည္ခိုင္ၿဖိဳးပါတီက ဆရာ၊ဆရာမမ်ားအေပၚ တရားမဲ့မွားယြင္းစြပ္စြဲမႈႏွင့္ပတ္သက္ၿပီး အေရးယူေပးရန္ အေျခခံပညာေရး လုပ္သားမ်ားသမဂၢခ်ဳပ္က ႏို၀င္ဘာ ၁၂ ရက္ေန႔၌ UEC ႏွင့္ ပညာေရးႏွင့္သက္ဆိုင္သည့္ ၀န္ႀကီးဌာနထံ တိုင္ၾကားစာ ေပးပို႔ခဲ့သည္။
 
ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီသည္ ႏို၀င္ဘာ ၁၁ ရက္ေန႔တြင္ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဆရာ၊ ဆရာမအမ်ားစုသည္ NLD ပါတီေထာက္ခံသူမ်ားျဖစ္ကာ ၾကားေနဆရာ၊ ဆရာမ မ်ားျဖစ္သည္ကို ေတြ႕ရွိရေၾကာင္း ေျပာဆိုခဲ့သည္။
 
အဆိုပါေျပာဆိုခ်က္ႏွင့္ပတ္သက္ၿပီး ေက်နပ္မႈမရွိ၍ အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢက သက္ဆိုင္ရာအဖြဲ႕ အစည္းမ်ားထံ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။
 
“ဒီေန႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ေနျပည္ေတာ္နဲ႔ ကၽြန္ေတာ္တို႔ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဆီကို တိုင္ၾကားစာပို႔ပါတယ္။ ခိုင္လံုမဲျဖစ္မျဖစ္ကို ေလ့လာေစာင့္ ၾကည့္တဲ့သူေတြရဲ႕ ေရွ႕မွာအကုန္အေသးစိတ္လုပ္ရတာ။ ဘယ္သူကမွ မသမာမႈလုပ္လို႔မရပါဘူး။ ကၽြန္ေတာ္တို႔က တစ္ဖက္ကိုပါသလိုလိုနဲ႔ မသမာမႈလို႔သံုးတဲ့ အသံုးအႏႈန္းဟာ ကၽြန္ေတာ္တို႔ ဆရာ၊ ဆရာမေတြရဲ႕ ႐ိုးသားတဲ့ဂုဏ္သိကၡာကို အမ်ားႀကီးထိခိုက္တာျဖစ္ပါတယ္”ဟု ဦးေက်ာ္မင္းဦး (အေျခခံပညာ ပညာေရးလုပ္သားမ်ားသမဂၢ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၀င္)မွ ေျပာသည္။
 
ထို႔အျပင္ သမဂၢအေနႏွင့္ ၎တို႔အားကန္႔ကြက္သည့္ မည္သူ႔ကိုမဆို၊ ႐ႈတ္ခ်သည့္မည္သူ႔ကိုမဆို ျပင္းျပင္းထန္ထန္ကန္႔ ကြက္ၿပီး ႐ႈတ္ခ်ေၾကာင္းႏွင့္ ကန္႔ကြက္သူမ်ားအား သက္ဆိုင္ရာဌာနမ်ားသို႔တိုင္ၾကား စာမ်ားကို ယေန႔အျမန္ေခ်ာပို႔ျဖင့္ ေပးပို႔ၿပီးျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားသည္။
 
ဆက္လက္ၿပီး ဦးေက်ာ္မင္းဦးမွ “ကၽြန္ေတာ္တို႔ ပညာေရး၀န္ထမ္းထုဟာ အလုပ္လုပ္ရတဲ့အခါမွာ ႐ိုးသားမႈအရ အဲဒီမဲ႐ံု ထဲမွာ ဘာအေရာင္မွမရွိဘဲနဲ႔ အေကာင္းဆံုးေဆာင္ရြက္ခဲ့ၾကတယ္။ အဲဒီအေပၚမွာ ဘယ္ပုဂၢိဳလ္မ်ဳိးမဆို၊ ဘယ္ပါတီကမဆို လုပ္ငန္းအေပၚမွာ မွားယြင္းစြာနဲ႔ျပစ္တင္႐ႈတ္ခ်တာ မွန္သမွ်ကို သမဂၢအေနနဲ႔ လံုး၀ကန္႔ကြက္ေၾကာင္းေျပာၾကားလိုပါတယ္။ လုပ္ေဆာင္ခဲ့ၾကတဲ့အေပၚမွာ ဂုဏ္ျပဳစကားမၾကားရရင္ေနပါေစ ၀န္ထမ္းေတြအတြက္ ထိုးႏွက္တဲ့စကားလံုးေတြနဲ႔ ေနာက္ထပ္မထိုးႏွက္ပါနဲ႔လို႔ ေျပာၾကားလိုပါတယ္”ဟု ဆိုသည္။
 
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္း ျပည္ခိုင္ၿဖိဳးပါတီက ပညာေရးႏွင့္သက္ဆိုင္သည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္သို႔ အႏူးအၫြတ္ေတာင္းပန္ေၾကာင္းစာကို ႏို၀င္ဘာ ၁၁ ရက္ေန႔က ထုတ္ျပန္ခဲ့သည္။ အဆိုပါထုတ္ျပန္စာ၌ ကြန္ပ်ဴတာ တာ၀န္ခံမွ မွားယြင္းစြာ႐ိုက္ႏွိပ္ေဖာ္ျပခဲ့မိျခင္းျဖစ္ေၾကာင္း ေဖာ္ျပထား သည္။
 
#PeopleMedia
 
(unicode)
ပြည်ခိုင်ဖြိုးပါတီက ဆရာ၊ ဆရာမများအပေါ် တရားမဲ့မှားယွင်းစွပ်စွဲမှုနှင့်ပတ်သက်ပြီး အရေးယူပေးရန် အခြေခံပညာရေး လုပ်သားများသမဂ္ဂမှ UEC နှင့် ပညာရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနထံ တိုင်ကြား ………………………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ ၁၂
 
ပြည်ခိုင်ဖြိုးပါတီက ဆရာ၊ဆရာမများအပေါ် တရားမဲ့မှားယွင်းစွပ်စွဲမှုနှင့်ပတ်သက်ပြီး အရေးယူပေးရန် အခြေခံပညာရေး လုပ်သားများသမဂ္ဂချုပ်က နိုဝင်ဘာ ၁၂ ရက်နေ့၌ UEC နှင့် ပညာရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနထံ တိုင်ကြားစာ ပေးပို့ခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုဝင်ဘာ ၁၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆရာ၊ ဆရာမအများစုသည် NLD ပါတီထောက်ခံသူများဖြစ်ကာ ကြားနေဆရာ၊ ဆရာမ များဖြစ်သည်ကို တွေ့ရှိရကြောင်း ပြောဆိုခဲ့သည်။
 
အဆိုပါပြောဆိုချက်နှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိ၍ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂက သက်ဆိုင်ရာအဖွဲ့ အစည်းများထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
 
“ဒီနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော်နဲ့ ကျွန်တော်တို့ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆီကို တိုင်ကြားစာပို့ပါတယ်။ ခိုင်လုံမဲဖြစ်မဖြစ်ကို လေ့လာစောင့် ကြည့်တဲ့သူတွေရဲ့ ရှေ့မှာအကုန်အသေးစိတ်လုပ်ရတာ။ ဘယ်သူကမှ မသမာမှုလုပ်လို့မရပါဘူး။ ကျွန်တော်တို့က တစ်ဖက်ကိုပါသလိုလိုနဲ့ မသမာမှုလို့သုံးတဲ့ အသုံးအနှုန်းဟာ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေရဲ့ ရိုးသားတဲ့ဂုဏ်သိက္ခာကို အများကြီးထိခိုက်တာဖြစ်ပါတယ်”ဟု ဦးကျော်မင်းဦး (အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)မှ ပြောသည်။
 
ထို့အပြင် သမဂ္ဂအနေနှင့် ၎င်းတို့အားကန့်ကွက်သည့် မည်သူ့ကိုမဆို၊ ရှုတ်ချသည့်မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်ကန့် ကွက်ပြီး ရှုတ်ချကြောင်းနှင့် ကန့်ကွက်သူများအား သက်ဆိုင်ရာဌာနများသို့တိုင်ကြား စာများကို ယနေ့အမြန်ချောပို့ဖြင့် ပေးပို့ပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
 
ဆက်လက်ပြီး ဦးကျော်မင်းဦးမှ “ကျွန်တော်တို့ ပညာရေးဝန်ထမ်းထုဟာ အလုပ်လုပ်ရတဲ့အခါမှာ ရိုးသားမှုအရ အဲဒီမဲရုံ ထဲမှာ ဘာအရောင်မှမရှိဘဲနဲ့ အကောင်းဆုံးဆောင်ရွက်ခဲ့ကြတယ်။ အဲဒီအပေါ်မှာ ဘယ်ပုဂ္ဂိုလ်မျိုးမဆို၊ ဘယ်ပါတီကမဆို လုပ်ငန်းအပေါ်မှာ မှားယွင်းစွာနဲ့ပြစ်တင်ရှုတ်ချတာ မှန်သမျှကို သမဂ္ဂအနေနဲ့ လုံးဝကန့်ကွက်ကြောင်းပြောကြားလိုပါတယ်။ လုပ်ဆောင်ခဲ့ကြတဲ့အပေါ်မှာ ဂုဏ်ပြုစကားမကြားရရင်နေပါစေ ဝန်ထမ်းတွေအတွက် ထိုးနှက်တဲ့စကားလုံးတွေနဲ့ နောက်ထပ်မထိုးနှက်ပါနဲ့လို့ ပြောကြားလိုပါတယ်”ဟု ဆိုသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီက ပညာရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်သို့ အနူးအညွတ်တောင်းပန်ကြောင်းစာကို နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်စာ၌ ကွန်ပျူတာ တာဝန်ခံမှ မှားယွင်းစွာရိုက်နှိပ်ဖော်ပြခဲ့မိခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
 
#PeopleMedia

Share this post