ျပည္ခိုင္ၿဖိဳးပါတီႏွင့္ပတ္သက္၍ သတင္းအမွား ျဖန႔္ခ်ီရာ၌ NLD ပါတီ ဗဟိုသုေတသနလမ္းညႊန္အဖြဲ႕ အတြင္း ေရးမွဴး(ေဟာင္း) ဦးမ်ိဳးရန္ေနာင္သိမ္း ပါဝင္

PUBLISHED - October 22, 2020
ရန္ကုန္၊ ေအာက္တိုဘာ – ၂၂
ျပည္ခိုင္ၿဖိဳးပါတီႏွင့္ပတ္သက္၍ မဟုတ္မမွန္ လုပ္ႀကံ၍ သတင္းအမွား ျဖန႔္ခ်ီသည့္ Facebook Account မ်ား၊ Group မ်ားကို ထုတ္ျပန္ရာ၌ NLD ပါတီ ဗဟိုသုေတသနလမ္းညႊန္အဖြဲ႕ အတြင္းေရးမွဴး(ေဟာင္း) ဦးမ်ိဳးရန္ေနာင္သိမ္း ပါဝင္လာခဲ့သည္။
ထိုကဲ့သို႔ ျပည္ခိုင္ၿဖိဳးပါတီ၏ ထုတ္ျပန္ရာတြင္ မႏၲေလးတိုင္းေဒသႀကီး၌ လူမႈေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့သူ ေဒၚအမာနီ၊ ဦးမ်ိဳးရန္ေနာင္သိန္း(NLD ပါတီ ဗဟိုသုေတသနလမ္းညႊန္အဖြဲ႕ အတြင္းေရးမွဴး-ေဟာင္း)တို႔အျပင္ အျခားေသာ Facebook Account မ်ား၊ Group အပါအဝင္ စုစုေပါင္း (၂၀)ခန႔္ ပါဝင္ခဲ့သည္။
“သမၼတ႐ုံးကလည္း သတင္းအမွားေတြနဲ႔ ပတ္သက္ရင္ နိုင္ငံေတာ္၏အတိုင္ပင္ခံတစ္ေယာက္အတြက္သာ ေျဖရွင္းသြားတာေတြ႕ရတယ္။ ဒီဘက္မွာလည္း ယခင္ အစိုးရအဆက္ဆက္ တာဝန္ထမ္းေဆာင္သူေတြကို သတင္းအမွားေတြနဲ႔ စဥ္ဆက္မျပတ္ ထုတ္လႊင့္မႈခံေနရတာေတြရွိတယ္။ ဒီလို သတင္းအမွားေရးသူေတြကို ပါတီက ထုတ္ျပန္တာ ေနာက္က်တယ္လို႔ေတာင္ ေျပာလို႔ရတယ္” လို႔ ေဒၚနန္းျမျမမီမီေဇာ္(ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ)က ေျပာပါတယ္။
ထိုကဲ့သို႔ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ပတ္သက္၍ သတင္းမွားေရးသားရာ၌ ဦးမ်ိဳးရန္ေနာင္သိမ္း ပါဝင္ေနသည့္အေပၚ People Media က ဦးမ်ိဳးရန္ေနာင္သိမ္းထံ ဖုန္းျဖင့္ဆက္သြယ္ရာ ဖုန္းကိုင္ေျဖၾကားမႈ မရွိခဲ့ပါ။
#PeopleMedia #USDP #Political
(unicode)
ပြည်ခိုင်ဖြိုးပါတီနှင့်ပတ်သက်၍ သတင်းအမှား ဖြန့်ချီရာ၌ NLD ပါတီ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်း ရေးမှူး(ဟောင်း) ဦးမျိုးရန်နောင်သိမ်း ပါဝင်
……………………………………………………..
ရန်ကုန်၊ အောက်တိုဘာ – ၂၂
ပြည်ခိုင်ဖြိုးပါတီနှင့်ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံ၍ သတင်းအမှား ဖြန့်ချီသည့် Facebook Account များ၊ Group များကို ထုတ်ပြန်ရာ၌ NLD ပါတီ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး(ဟောင်း) ဦးမျိုးရန်နောင်သိမ်း ပါဝင်လာခဲ့သည်။
ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ရာတွင် မန္တလေးတိုင်းဒေသကြီး၌ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဒေါ်အမာနီ၊ ဦးမျိုးရန်နောင်သိန်း(NLD ပါတီ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး-ဟောင်း)တို့အပြင် အခြားသော Facebook Account များ၊ Group အပါအဝင် စုစုပေါင်း (၂၀)ခန့် ပါဝင်ခဲ့သည်။
“သမ္မတရုံးကလည်း သတင်းအမှားတွေနဲ့ ပတ်သက်ရင် နိုင်ငံတော်၏အတိုင်ပင်ခံတစ်ယောက်အတွက်သာ ဖြေရှင်းသွားတာတွေ့ရတယ်။ ဒီဘက်မှာလည်း ယခင် အစိုးရအဆက်ဆက် တာဝန်ထမ်းဆောင်သူတွေကို သတင်းအမှားတွေနဲ့ စဉ်ဆက်မပြတ် ထုတ်လွှင့်မှုခံနေရတာတွေရှိတယ်။ ဒီလို သတင်းအမှားရေးသူတွေကို ပါတီက ထုတ်ပြန်တာ နောက်ကျတယ်လို့တောင် ပြောလို့ရတယ်” လို့ ဒေါ်နန်းမြမြမီမီဇော်(ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ)က ပြောပါတယ်။
ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီနှင့်ပတ်သက်၍ သတင်းမှားရေးသားရာ၌ ဦးမျိုးရန်နောင်သိမ်း ပါဝင်နေသည့်အပေါ် People Media က ဦးမျိုးရန်နောင်သိမ်းထံ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းကိုင်ဖြေကြားမှု မရှိခဲ့ပါ။
#PeopleMedia #USDP #Political