• Follow Us on
Latest News

Home ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒(ေဟာင္း)ဦးေဌးဦး၊ ဒုဥကၠ႒ဦးခင္ရီ ေရြးေ ကာက္ပြဲဝင္မည္

ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒(ေဟာင္း)ဦးေဌးဦး၊ ဒုဥကၠ႒ဦးခင္ရီ ေရြးေ ကာက္ပြဲဝင္မည္

Share this post

ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒(ေဟာင္း)ဦးေဌးဦး၊ ဒုဥကၠ႒ဦးခင္ရီ ေရြးေ ကာက္ပြဲဝင္မည္
……………………………………………………
 
ရန္ကုန္၊ ၾသဂုတ္ – ၁၂
 
ျပည္ခိုင္ၿဖိဳးပါတီတည္ေထာင္ခဲ့စဥ္က ေခါင္းေဆာင္အျဖစ္ပါဝင္ခဲ့သည္ ျပည္ခိုင္ၿဖိဳးပါတီ ဒု-ဥကၠ႒ (ေဟာင္း)ဦးေဌးဦးသည္ လာမည့္ေရြးေကာက္ပြဲ၌ ဧရာဝတီတိုင္းေဒသႀကီး ဟသၤာတၿမိဳ႕ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဉ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
 
ျပည္ခိုင္ၿဖိဳးပါတီ၏ ဒုဥကၠ႒(ေဟာင္း)အျဖစ္တာ၀န္ထမ္းေဆာင္ခဲ့သူ ဦးေဌးဦးသည္ ပထမအႀကိမ္ျပည္သူ႔ လႊတ္ေတာ္တြင္ ဟသၤာတၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္တာ၀န္ထမ္းေဆာင္ခဲ့သူ တစ္ဦးလည္းျဖစ္ၿပီး တပ္မေတာ္အစိုးရလက္ထက္၌ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန၏ ျပည္ေထာင္စု၀န္ႀကီး(ၿငိမ္း)လည္းျဖစ္ပါတယ္။
 
အလားတူ လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီ ဒု-ဥကၠ႒အျဖစ္ တာဝန္ယူလ်က္ရွိသည့္ ဦးခင္ရီသည္ ရန္ကုန္တိုင္းေဒသ ႀကီး ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ ဝင္ေရာက္ယွဉ္ၿပိဳင္မွာ ျဖစ္ပါတယ္။
 
ဦးခင္ရီသည္ ျပည္ထဲေရးဝန္ႀကီးဌာန ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တြင္ ရဲခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္၌ လဝကဝန္ႀကီး တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။
 
ထို႔အတူ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း)ဦးသိန္းစိန္အစိုးရလက္ထက္၌ သမၼတ႐ုံးဝန္ႀကီးတာဝန္ထမ္းေဆာင္ခဲ့သည့္ ဦးစိုးသိန္းသည္ ကယားျပည္နယ္ ေဘာလခဲ ျပည္သူ႔လႊတ္ေတာ္အျဖစ္ ဝင္ေရာက္ယွဉ္ၿပိဳင္ရန္ ရွိေနပါတယ္။
 
ဦးစိုးသိန္းသည္ ၿပီးခဲ့သည့္ ေရြးေကာက္ပြဲ၌ ကယားျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တစ္သီးပုဂၢလျဖင့္ ဝင္ေရာက္ယွဉ္ၿပိဳင္ခဲ့ရာ ၿပိဳင္ဘက္ပါတီမ်ားကို အႏိုင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။
 
“ဦးစိုးသိန္းကျပည္သူ႔လႊတ္ေတာ္ေနရာ ကယားျပည္နယ္ ေဘာလခဲက၀င္ၿပိဳင္မယ္။ ဦးေဌးဦးကေတာ့ ဟသၤာတက ၀င္ၿပိဳင္မယ္။ ဦးခင္ရီကေတာ့ ရန္ကုန္တိုင္း ဆိပ္ႀကီးခေနာင္တိုျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာက၀င္ၿပိဳင္မယ္’’လို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။
 
#PeopleMedia #USDP #2020election
 
(unicode)
ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ(ဟောင်း)ဦးဌေးဦး၊ ဒုဥက္ကဋ္ဌဦးခင်ရီ ရွေး ေကာက်ပွဲဝင်မည်
……………………………………………………
 
ရန်ကုန်၊ ဩဂုတ် – ၁၂
 
ပြည်ခိုင်ဖြိုးပါတီတည်ထောင်ခဲ့စဉ်က ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည် ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဋ္ဌ (ဟောင်း)ဦးဌေးဦးသည် လာမည့်ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
 
ပြည်ခိုင်ဖြိုးပါတီ၏ ဒုဥက္ကဋ္ဌ(ဟောင်း)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးဌေးဦးသည် ပထမအကြိမ်ပြည်သူ့ လွှတ်တော်တွင် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်ပြီး တပ်မတော်အစိုးရလက်ထက်၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)လည်းဖြစ်ပါတယ်။
 
အလားတူ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသည့် ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသ ကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
 
ဦးခင်ရီသည် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ လဝကဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
 
ထို့အတူ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အစိုးရလက်ထက်၌ သမ္မတရုံးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သည့် ဦးစိုးသိန်းသည် ကယားပြည်နယ် ဘောလခဲ ပြည်သူ့လွှတ်တော်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေပါတယ်။
 
ဦးစိုးသိန်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက်ပါတီများကို အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
 
“ဦးစိုးသိန်းကပြည်သူ့လွှတ်တော်နေရာ ကယားပြည်နယ် ဘောလခဲကဝင်ပြိုင်မယ်။ ဦးဌေးဦးကတော့ ဟင်္သာတက ဝင်ပြိုင်မယ်။ ဦးခင်ရီကတော့ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကဝင်ပြိုင်မယ်’’လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
 
#PeopleMedia #USDP #2020election

Share this post