ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး National Democratic Institute (NDI) ၏ Country Director အား လက်ခံတွေ့ဆုံ
PUBLISHED - October 1, 2019
ရန်ကုန်၊ အောက်တိုဘာ ၁
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် National Democratic Instit ute (NDI)၏ Country Director, Kenze Aqertit အား ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံရေးရာ၊ ပါတီရေးရာကိစ္စရပ်များနှင့် သိလို သည်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးမှုကို ပါတီထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ သည်။