ပြည်ခိုင်ဖြိုးအစိုးရလက်ထက်၌ တည်ဆောက်ခဲ့သော ကုတင် ၅၀၀ ဆံ့ ဆေးရုံကို NLD အစိုးရမှ ဆက်လက် အကောင်အထည်ဖော်ရန် တိုင်းဝန်ကြီးဟောင်း တောင်းဆို
PUBLISHED - October 1, 2019
“မြန်မြန်ဆန်ဆန်နဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လိုက်ရင် ဧရာဝတီတိုင်းသူတိုင်းသားေ တွအတွက် အကျိုးရှိ မယ်။ မြန်မြန်ပြီးရင် တိုင်းသူတိုင်းသားတွေအတွက် ကျန်းမာရေးေ စာင့်ရှောက်မှု မြန်မြန်ရမယ်” ဒေါ်ခင်စောမူ (ကန်ကြီးထောင့်မြို့ – တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးကို ပြည်ခိုင်ဖြိုးပါတီအစိုးရလက် ထက်၌ အကောင်အထည်ဖော်တည်ဆောက်ခဲ့သည်။
ထို့နောက် NLD အစိုးရတက်လာပြီးနောက်ပိုင်းတွင် အဆိုပါဆေးရုံကြီးကို တိုင်းအစိုးရမှ ယနေ့အချိန်ထိ ဆက်လက်တည် ဆောက်မှုကို ရပ်ဆိုင်းခဲ့သည်။
အဆိုပါ ဆေးရုံကြီးဖြစ်ပေါ်ရန် ဒေါ်ခင်စောမူ(ယခင်လူမှုရေးဝန်ကြီးဟောင်း) က အကောင်အထည်ဖော်ခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိအချိန်၌ ကန်ကြီးထောင့်တိုင်းလွှတ် တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
https://www.facebook.com/1120229281493723/videos/1105899146270638/