ပြည်တွင်းထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ အိမ်နီးချင်းနိုင်ငံများထံ အိန္ဒိယ မကြာမီပို့ဆောင်မည်

PUBLISHED - January 19, 2021
နယူးဒေလီ၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မကြာမီသီတင်းပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို သံခန်းတမန်ခင်းသဘောဖြင့် အိန္ဒိယနိုင်ငံက အိမ်နီးချင်းနိုင်ငံများထံပို့ဆောင်ရန်စီစဉ်နေသည်။
ပထမဆုံးပို့ဆောင်မည့်နိုင်ငံများသည် အနီးဆုံးဖြစ်သည့် နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်ဒိုက်နှင့် မော်ရေးရှပ်စ်နိုင်ငံများဖြစ်ပြီး ထိုနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုး သည့်လုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံရှိ ဆီရမ်အင်စတီကျူ့မှထုတ်သည့် ကိုဗီရှီး ဖြစ်စေ၊ ဘာရတ်ဇီဝနည်းပညာကုမ္ပဏီကထုတ်လုပ် သည့် ကိုဗက်ဆင်း ဖြစ်စေ ၂ မျိုးအနက်မှ ၁ မျိုးပို့ဆောင်မည်ဖြစ်သည်။ စနေနေ့တွင် အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအကြီးအကျယ်ထိုးပေးမှုစတင်ခဲ့ပြီး ပထမဆုံးနေ့တွင် လူ ၁၉၀၀၀၀ နီးပါးကို ဆေးထိုးပေးခဲ့သည်။
နီပေါနိုင်ငံက အစိုးရထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများတောင်းခံသည့်နိုင်ငံဖြစ်သည်။
အိန္ဒိယနိုင်ငံသားများ ကာကွယ်ဆေးအတွက် ကုန်ကျခံရမည်ဆိုပါက ထိုပမာဏအတိုင်း နိုင်ငံခြားသို့တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရသတင်းရင်းမြစ်များကပြောသည်။
Ref : India to ship vaccines to neighbours soon
#PeopleMedia
(unicode)
……………………………………………..
Ref : India to ship vaccines to neighbours soon
#PeopleMedia