• Follow Us on
Latest News

Home ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လိုအပ်သည်များ ပြင်ဆင်ထားရန် PPST အဖွဲ့ခေါင်းဆောင် ပြော

ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လိုအပ်သည်များ ပြင်ဆင်ထားရန် PPST အဖွဲ့ခေါင်းဆောင် ပြော

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၆ (People Media)

 

လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ပြည်တွင်းအထွေထွေအကြပ်အတည်းအား ဖြေရှင်းရန် နိုင်ငံ တကာ၏ ကြိုးပမ်းဆောင်ရွက်မှုအား မျက်ခြေမပျက် စောင့်ကြည့်၍ လိုအပ်သည်များကို ပြင်ဆင်ထားရန် လို အပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုပေါင်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ဒီကနေ့ထုတ်ပြန်ပါတယ်။

 

ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ (၂/၂၀၂၁) အစည်းအ ဝေးပွဲတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်အောင်မင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

NCAs-EAO ၏ အနာဂတ်စုဖွဲ့မှုအပေါ် သဘောထားဟုစည်းခြင်းနဲ့ PPST ရဲ့ နိုင်ငံရေးဦးတည်ချက် ၇ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားပါတယ်။

 

ထိုအပြင်ကို ကိုဗစ်ရောဂါ မျိုးစိတ်သစ် Omicron သည် အာရှနိုင်ငံများတွင် ပြန့်ပွားလာသည့်အတွက် သတိ ထားဖို့လိုအပ်ကြောင်းကိုလည်း အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

#PeopleMedia #PPST

 

(unicode)


……………………………………………………

 


 


 


 


 


 

#PeopleMedia #PPST


Share this post