• Follow Us on
Latest News

Home ပြည်တွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို Ready to Fill စနစ်ဖြင့် ယခုနှစ်မကုန်မီထုတ်လုပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း န-စ-က ဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်တွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို Ready to Fill စနစ်ဖြင့် ယခုနှစ်မကုန်မီထုတ်လုပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း န-စ-က ဒုတိယဥက္ကဋ္ဌ ပြောကြား

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁ (People Media)

 

မိမိနိုင်ငံတွင် ကာကွယ်ဆေးအား Ready to Fill စနစ်ဖြင့် ထုတ်လုပ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မကုန်မီထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားသည်။

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ယမန်နေ့အထိ စာရင်းများအရ ပိုးကူးစက်ပြန့်ပွားမှုအနေဖြင့် ၈.၃ ရာခိုင်နှုန်း အထိကူးစက်မှု ရှိနေသေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရည်မှန်းချက်နှင့် နိုင်ငံတကာစံနှုန်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ် မှတ်ချက်များအရ ရောဂါကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်မှ လုံးဝကူးစက်မှုမရှိတော့သည့်အထိ ကျဆင်း ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

ယခုအခါ ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်းသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ ပိုးကူးစက်မှု ရာခိုင်နှုန်း သည် နေ့စဉ် စစ်ဆေးသည့်ပမာဏ၏ ၈ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ် တစ်နှစ် နစ်နာမှုမရှိစေရေး အမြန်ဆုံးကျောင်းပြန်လည် တက် ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။

 

၎င်းအပြင် ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍လည်း ၆ လ တစ်ကြိမ်ထပ်မံထိုးနှံရန်လိုအပ်သည်ဟု အကြံပြု ချက်များလည်းရှိနေပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အစိုးအရအဖွဲ့အနေဖြင့် ကာကွယ်ဆေး စဉ်ဆက်မပြတ် ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုအား ၆ လ တစ်ကြိမ် ပူ ပန်စိုးရိမ်မှုမရှိဘဲ ထိုးနှံနိုင်မည်ဖြစ်ပြီး ကူးစက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်သွားနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားသည်။

 

#PeopleMedia #နစက #COVID19

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post