ျပည္ထဲေရးဝန္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ ဧၿပီလအတြင္း၌ ပင္စင္ယူမည္
PUBLISHED - February 1, 2020
ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၁
ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြသည္ ၂၀၂၀ ခုႏွစ္ ဧၿပီလ၌ ပင္စင္ယူမည္ျဖစ္ေၾကာင္း တပ္မေတာ္အသုိင္းအဝုိင္းႏွင့္ နီးစပ္သူမ်ားက အတည္ျပဳေျပာဆုိပါတယ္။
မေန႔က က်င္းပသည့္ သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲ၌ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြသည္ စစ္ဘက္မူလ တာဝန္မ်ားကုိ ျပန္လည္ထမ္းေဆာင္သြားမည္ျဖစ္ၿပီး ၎ေနရာ၌ အစားထုိးရန္ ႏုိင္ငံေတာ္သမၼတ တင္ျပ ထားတယ္လုိ႔ သမၼတ႐ုံးေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။
ျပည္ထဲေရးဝန္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြေနရာ၌ စစ္ဖက္ဆုိင္ရာ လုံၿခံဳေရးအရာရွိခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ ႀကီးစုိးထြဋ္ကုိ အစားထုိးရန္ စီစဥ္ထားေၾကာင္း တပ္မေတာ္ႏွင့္နီးစပ္သူမ်ားက ဆုိပါတယ္။
#PeopleMedia #စစ္ေရး #ႏုိင္ငံေရး
(Unicode)
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဧပြီလအတွင်း၌ ပင်စင်ယူမည်
…………………………………………………………
ရန်ကုန်၊ ဖေဖော်ဝါရီ – ၁
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ၂၀၂၀ ခုနှစ် ဧပြီလ၌ ပင်စင်ယူမည်ဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက အတည်ပြုပြောဆိုပါတယ်။
မနေ့က ကျင်းပသည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် စစ်ဘက်မူလ တာဝန်များကို ပြန်လည်ထမ်းဆောင်သွားမည်ဖြစ်ပြီး ၎င်းနေရာ၌ အစားထိုးရန် နိုင်ငံတော်သမ္မတ တင်ပြ ထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနေရာ၌ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်ကို အစားထိုးရန် စီစဉ်ထားကြောင်း တပ်မတော်နှင့်နီးစပ်သူများက ဆိုပါတယ်။
#PeopleMedia #စစ်ရေး #နိုင်ငံရေး