ပြည်နယ်နှင့် တိုင်းများရှိ အခြေခံပညာကျောင်းများအား အကြမ်းဖက်သမားများမှ ခြိမ်းခြောက်စာများ လာ ရောက်ချိတ်ဆွဲထားသည့်အပြင် လက်လုပ်မိုင်းများပါလာရောက်ချထား
PUBLISHED - June 24, 2022
နေပြည်တော်၊ ဇွန် ၂၄
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အခြေခံပညာကျောင်းများအား ဇွန်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်သမား များမှ ခြိမ်းခြောက်စာများ လာရောက်ချိတ်ဆွဲထားသည့်အပြင် လက်လုပ်မိုင်းများပါ လာရောက်ချထားခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၂ ရက် နံနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော မြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ မူလွန်ကျောင်း Grade-4 စာသင်ခန်းအတွင်း နံရံထောင့်၌ အကြမ်းဖက်သမားများက ခြိမ်းခြောက်စာတစ်စောင်နှင့်အတူ Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက် လုပ်မိုင်းတစ်လုံး လာရောက်ချထားသည်ကို တွေ့ရှိခဲ့ရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင် ကျေး ရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသ ကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လေးပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌လည်းကောင်း၊ အမရပူရမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ မြစ်ငယ် အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌လည်းကောင်း PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းတက်ရောက်မှုကို ခြိမ်းခြောက်သည့် ခြိမ်းခြောက်စာများ လာရောက်ချိတ်ဆွဲထားကြောင်း သိရသည်။
NUG အမည်ခံအကြမ်းဖက်အဖွဲနှင့် ၎င်း၏လက်အောက်ခံ PDF အကြမ်းဖက်များအဖွဲ့များသည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် ပညာသင်ကြားမှုကို အဟန့် အတား ဖြစ်စေသည့် ဆန့်ကျင်ခြိမ်းခြောက်စာများကို စာသင်ကျောင်းအချို၌ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက် ခြင်း၊ မိုင်းခွဲခြင်း၊ ဆရာ၊ ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများအား လုပ် ဆောင်လျက်ရှိသည်။
#PeopleMedia
(unicode)
………………………………………
#PeopleMedia