ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့မှ ရိုးမကိုဗစ်ကုသရေးစင်တာရှိ ဆေးကုသမူခံယူနေသူများအား နေ့လယ်စာလှူဒါန်း

PUBLISHED - January 30, 2021
ရန်ကုန်၊ ဇန်နဝါရီ ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နိုင်ငံတကာအခြေစိုက် ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့မှ ရိုးမကိုဗစ်ကုသရေးစင်တာရှိ ဆေးကု သမှုခံယူနေသူများအား ယနေ့တွင် နေ့လယ်စာကြက်ဆီထမင်းလှူဒါန်းခဲ့သည်။
ကိုဗစ်လူနာများအတွက် ကြက်ဆီထမင်းဗူး ၄၅၀ လှူဒါန်းခဲ့ရာ ကုသရေးစင်တာမှ တာဝန်ရှိသူများက လက်ခံရ ယူပြီး ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့သည်။
နိုင်ငံတကာအခြေစိုက် ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့မှာ ရှစ်လေးလုံးအရေးအခင်းအပြီး ပြည်ပသို့တိမ်းရှောင်ကာ ပြည်တွင်းနိုင်ငံရေးအတွက်အဝေးမှ ဆက်လက်လုပ်ဆောင်နေသူများဖြင့် စုဖွဲ့ထား ခြင်းဖြစ်သည်။
လက်ရှိကိုဗစ်ကပ်ရောဂါကာလအတွင်း ရောဂါကူးစက်ခံနေရသူများအားတ ဖက်တလမ်းမှအာဟာရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း လှူဒါန်းမှုအစီအစဉ်တွင်ပါဝင်သူများကဆိုသည်။
ထို့အပြင်ဆက်လက်၍လည်း လိုအပ်မှုအခြေအနေအပေါ်မူတည်၍ ထောက်ပံကူညီမူများပြုလုပ်သွား ရန်ရှိနေကြောင်း သိရသည်။
#peopleMedia
(unicode)
……………………………………………………..
#peopleMedia