ပြည်ပ ဒေါ်လာဈေးမတက်သော်လည်း ပြည်တွင်းရွှေဈေး ရက်ပိုင်းအတွင်း မြင့်တက်

PUBLISHED - February 3, 2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာပြီးနောက် ၃ ရက်မြောက်သည့် ယနေ့အတွက် ပြည်ပရွှေဈေးနှုန်း များသည် ရက်ပိုင်းအတွင်း ၁ သိန်းခန့်မြင့်တက်လာကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။
ယခင်က ပြည်တွင်း ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျှင် ၁၃၀၀၀၀၀ ကျော်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ၁၂၀၀၀၀၀ ကျော်ရှိသော်လည်း ယနေ့တွင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၁၄၀၀၀၀၀ ကျော် နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁၃၀၀၀၀၀ အကျော်အထိ မြင့်တက်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။
“အခုက ရွှေဈေးကြီးပဲ တက်တာတော့ မဟုတ်ပါဘူး၊ အခြား ရွှေအပြင် အခြား စိန်တို့ကျောက်တို့လဲ ဈေးမြင့် တာတော့ ရှိပါတယ်” ဟု ပြည်တွင်းရွှေဆိုင်တစ်ဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေတွင် ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်တချို့သည် ရောင်းချမှုအား ပိတ်ထားသော်လည်း တချို့ သော ရွှေအရောင်းဆိုင်းများတွင်မှု ရွှေဝယ်ယူမှုသည် များပြားနေကြောင်းသိရသည်။
#PeopleMedia #ရွှေဈေး #မြင့်တက်
(unicode)
……………………………………………