ျပည္သူမ်ားသို႔ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး အခမဲ့ထိုးေပးမည့္ အစီအစဥ္ ဂ်ပန္အစိုးရ အတည္ျပဳ

PUBLISHED - October 28, 2020
နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၇(PeopleMedia)
ျပည္သူမ်ားသို႔ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး အခမဲ့ေပးရာတြင္ ျပည္သူ႔ဘ႑ာမ်ား အသုံးျပဳမည့္ စီမံ ခ်က္တစ္ရပ္ကို ဂ်ပန္အစိုးရအဖြဲ႕က ယေန႔ အတည္ျပဳလိုက္သည္။
အဆိုပါ စီမံခ်က္အရ ဗိုင္းရပ္စ္ကာကြယ္ေဆးေၾကာင့္ က်န္းမာေရးအရ ထိခိုက္နစ္နာမႈျဖစ္ပြားလ်င္ ကုန္ က်စရိတ္ကို အစိုးရက က်ခံရမည္ဟု က်န္းမာေရးဝန္ႀကီးဌာန၏ ဝက္ဘ္ဆိုဒ္အရ သိရသည္။
၂၀၂၁ ခုႏွစ္ ႏွစ္လယ္မတိုင္မီ အမ်ားျပည္သူအတြက္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံအေလာက္ေထာက္ပံ့ ရန္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ယိုရွီဟိုင္းဒီဆူဂါက ကတိျပဳခဲ့သည္။
AstraZeneca Plc ႏွင့္ Pfizer Inc. တို႔အပါအဝင္ ေဆးဝါးကုမၸဏီမ်ားထံမွ သန္းရာႏွင့္ခ်ီေသာ ဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားဝယ္ယူရန္ ဂ်ပန္နိုင္ငံက သေဘာတူညီခ်က္မ်ား ရရွိခဲ့သည္။
ဂ်ပန္နိုင္ငံ၌ လက္ရွိအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၉၇၅၀၃ ဦး၊ ပိုးကင္းစင္လူနာ ၈၉၀၃၁ ဦးႏွင့္ ေသဆုံးသူ ၁၇၂၁ ဦးရွိေၾကာင္း သိရသည္။
ကိုးကား – ရိုက္တာ
Ref; Japan’s cabinet approves plan for free COVID-19 vaccines
(unicode)
ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် အစီအစဉ် ဂျပန်အစိုးရ အတည်ပြု
…………………………………………………..
နိုင်ငံတကာ၊ အောက်တိုဘာ ၂၇(PeopleMedia)
ပြည်သူများသို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ပေးရာတွင် ပြည်သူ့ဘဏ္ဍာများ အသုံးပြုမည့် စီမံ ချက်တစ်ရပ်ကို ဂျပန်အစိုးရအဖွဲ့က ယနေ့ အတည်ပြုလိုက်သည်။
အဆိုပါ စီမံချက်အရ ဗိုင်းရပ်စ်ကာကွယ်ဆေးကြောင့် ကျန်းမာရေးအရ ထိခိုက်နစ်နာမှုဖြစ်ပွားလျင် ကုန် ကျစရိတ်ကို အစိုးရက ကျခံရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်အရ သိရသည်။
၂၀၂၁ ခုနှစ် နှစ်လယ်မတိုင်မီ အများပြည်သူအတွက် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံအလောက်ထောက်ပံ့ ရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟိုင်းဒီဆူဂါက ကတိပြုခဲ့သည်။
AstraZeneca Plc နှင့် Pfizer Inc. တို့အပါအဝင် ဆေးဝါးကုမ္ပဏီများထံမှ သန်းရာနှင့်ချီသော ဗိုင်းရပ်စ် ကာကွယ်ဆေးများဝယ်ယူရန် ဂျပန်နိုင်ငံက သဘောတူညီချက်များ ရရှိခဲ့သည်။
ဂျပန်နိုင်ငံ၌ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၉၇၅၀၃ ဦး၊ ပိုးကင်းစင်လူနာ ၈၉၀၃၁ ဦးနှင့် သေဆုံးသူ ၁၇၂၁ ဦးရှိကြောင်း သိရသည်။
ကိုးကား – ရိုက်တာ
Ref; Japan’s cabinet approves plan for free COVID-19 vaccines